IELTS ဖြေမည့်သူများအတွက် အစမ်းစာမေးပွဲ ကျင်းပမည်

Monday, July 29, 2013

ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတွင် IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများအတွက် စာမေးပွဲ အတွေ့ အကြုံ ရရှိရန်နှင့် မိမိ၏ အရည်အချင်းကို ကြိုတင်အကဲဖြတ်နိုင်ရန် ဗြိတိသျှကောင်စီ စာမေးပွဲများ ဌာန မှ IELTS စာမေးပွဲ Pre-test ကို အခမဲ့အစမ်းဖြေဆိုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါသည်။



 အဆိုပါ IELTS Pre-test မေးခွန်းများကို Cambridge ESOL Exams မှ ပြုစုကာဖြေဆိုပြီးသော အခါတွင် လည်း Cambridge တွင် အကဲဖြတ်ပြီး result ထုတ်ပေး မည်ဖြစ်ပါသည်။ ဖြေဆိုရမည့် component များမှာ Academic Modules မှ Listening၊ Reading နှင့် Writing တို့ဖြစ်ပါသည်။ 

အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသူ မည်သူမဆို ဇူလိုင်လ (၂၄) မှစ၍ ဗြိတိသျှကောင်စီ Customer Service Desk တွင် ရုံးချိန်အတွင်း လာရောက် စာရင်း ပေးသွင်းနိုင်ပါသည်။  
ဖြေဆိုမည့်သူသည်

(၁) အင်္ဂလိပ်စာအရည်အချင်း အနည်းဆုံး Pre-intermediate level ရှိရမည်။ 

 (၂) ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတွင် IELTS စာမေးပွဲများ ဖြေဆိုရန် ငွေသွင်းပြီးသူ ဖြစ်ရပါမည်။ စာမေးပွဲကြေးပြေစာ ယူဆောင် လာရမည် ဖြစ်သည်။

 (၃) စာမေးပွဲကြေးမသွင်းရသေးပါက ပေးသွင်းပြီး စာရင်းပေးနိုင်ပါသည်။ Pre-test စာမေးပွဲဖြေဆိုရန် စာရင်းပေးလိုပါက စာမေးပွဲကြေးပြေစာ ယူဆောင်လာ၍ ဖြေဆိုလိုသူကိုယ်တိုင် ၇၈၊ ကမ်းနားလမ်း၊ 
ဗြိတိသျှကောင်စီရုံးသို့ လာရောက် စာရင်းပေးသွင်း နိုင်ပါသည်။

 နေရာအကန့်အသတ်ရှိပါသဖြင့် ဦးရာလူစံနစ်ဖြင့် လက်ခံပေးပါသည်။ စာမေးပွဲဖြေဆိုရန်နေရာသို့ မှတ်ပုံတင်မူရင်း ယူဆောင်လာရပါမည်။ Mobile phone များကို စာမေးပွဲ ဖြေ ဆိုသည့် အခန်းအတွင်းသို့ ယူဆောင်လာခြင်းမပြုရပါ ။

စာမေးပွဲကျင်းပမည့် ရက်၊ အချိန်နှင့် နေရာနေ့ရက်

 - ဩဂုတ်လ (၁၅) ရက်နေ့ ၂၀၁၃ (ကြာသာပတေးအချိန် - နံနက် (၉) နာရီနေရာ - Room 205 MICT Park ၊ ရန်ကုန်တက္ကသိုလ် (လှိုင်)၊ လှိုင်မြို့နယ်မှတ်ချက် - စာမေးပွဲဖြေဆိုရန် နံနက် (၈) နာရီ (၃၀) မိနစ်နောက်ဆုံးထား၍ Room 205 MICT Park သို့ အရောက်လာရန်။

သိလိုသည်များကို ရန်ကုန်မြို့၊ ၇၈ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီရုံးသို့လာရောက်၍ဖြစ်စေ၊ enquiries@mm.britishcounci.org သို့ email ပေးပို့၍ဖြစ်စေ၊ http://www.facebook.com/BritishCouncilMyanmar" မှတဆင့် message ပေးပို့၍ဖြစ်စေမေးမြန်းစုံစမ်းနိုင်ပါသည်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved