ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ မြန်မာပြည် လာမယ်

Monday, July 29, 2013

ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. MR. JOHN BERCOW နဲ့ ကိုယ်စားလှယ်တဖွဲ့ဟာ မကြာမီ ရက်ပိုင်းမှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် လာရောက်မှာဖြစ်ပါတယ်။ 

 ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကိုး၊ ဓာတ်ပုံ- Metro.co.uk
 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၏ ဖိတ်ကြားသည့် ခရီးစဉ် ဖြစ်တယ်လို့ ယနေ့ထုတ် အစိုးရ သတင်းစာများ တွင် ဖော်ပြထားပါတယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့ တလောက ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု
တွေ ရှိတယ်လို့ ပြောကြားခဲ့သူ ကို ဦးသိန်းစိန်က မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ပြင်ပ အချက် အလက်တွေ နဲ့ မယုံ ကြည်ဖို့၊ ကိုယ်တိုင် မြန်မာပြည်ကိုလာပြီးလေ့လာကြည့် ဖို့ ပြောဆိုခဲ့ပါသေးတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်က ရန်ကုန်လေဆိပ်ပြန်ရောက်လာတဲ့နေ့က သတင်းမီဒီယာတွေနဲ့ သမ္မတ
ပြောခွင့်ရ ဦးရဲထွဋ် က အင်တာဗျူးပေးရာမှာ သူနဲ့ပတ်သက်ပြီး ပြောတာက ဗြိတိန်အောက် လွှတ်တော် ဥက္ကဋ္ဌဟာ မြန်မာနိုင်ငံကို တခါမှ မရောက်ဖူးသေးဘဲ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံလောက် သာရောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြောနေတာ သဘာဝ မကျလို့ မြန်မာပြည်ကို ကိုယ်တိုင် လာကြည့်ပြီး မြန်မာ့အပြောင်းအလဲကို လာကြည့်ဖို့ ပြောခဲ့တယ် လို့ ဆိုထားပါတယ်။ 

ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌဟာ လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လိင်တူချစ်သူများ အခွင့်အရေး၊ ဆွံ့အ သူတွေကို အကူအညီပေးရေး စတာတွေကို စိတ်ဝင်စားသူလို့လည်း သတင်းတွေက ဆိုပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ သတင်းတပတ်ခန့်နေမယ်လို့လည်း သိရပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved