သူ့ရဲ့ ဟာသဖန်တီးမှုတွေဟာ ကဏ္ဍစုံ၊ ပညာစုံ နယ်ပယ်စုံကို အခြေခံ တင်ပြလေ့ရှိပြီး အထူးသဖြင့် ခေတ် စနစ်ကို သရော်ရာမှာလည်း အတော်ထိမိစွာ အနုပညာပြောင်မြောက်သူလည်းဖြစ်ပါတယ်။
ဒီ ရုပ်/သံပြကွက်ကတော့ အာဏာရှင်ကြီးဆိုတာနဲ့ ပတ်သက်ပြီး သရော်ချက်တွေ ဖော်ပြထားသလို ဒီမိုကရေစီဆိုတာဘာလဲ ဆိုတာလည်း သူက မိန့်ခွန်းထဲမှာ ပြေားထားပါတယ်။
နှိပ်စက်ညှင်းပန်းခံ လူသားတွေ၊ စစ်ရဲ့ အရုပ်ဆိုး အကျဉ်းတန်တဲ့ မျက်နှာစာတွေကို ဆန့်ကျင်တတ်တဲ့ ချာလီချက်ပလင်ရဲ့ မိန့်ခွန်းပြောကွက်ပါ။
သူပြောသွားတာတွေကို သေချာ ခံစား နာဆင်ကြည့်ပါ။ သူပြောသွားတာတွေက အခုခေတ်ထိ မှန်နေ သေးသလား စဉ်းစားကြည့်ပါ။
အိမ့်သံစဉ် ~
0 comments :
Post a Comment