အလုပ်ထုတ်ခံရသူဆရာမအတွက် ကြေညာချက်
Tuesday, August 27, 2013
 ~
နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ် အထက ၅ တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမဒေါ်စိုးစိုးခိုင်ကို ပညာရေး ၀န်ကြီးဌာနက  ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
လဆန်းပိုင်းက ရန်ကုန်တွင် ပြုလုပ်သည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့အစီအစဉ်သို့ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူ အများအပြား တက်ရောက်ကြသည် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
ထိုသို့ ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး  တက္ကသိုလ် ဆရာ/ဆရာမများ အသင်း (ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ) က တနင်္လာနေ့တွင်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။
ယင်း ကြေညာချက်တွင် အချက် ၆ ချက်ပါဝင်ပြီး၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကိစ္စရပ်အား အပြည့်အ၀ တာဝန်ခံရမည် ဖြစ်ကြောင်း၊ ဖြစ်စဉ်တရပ်လုံးအား ပုဂ္ဂိုလ်ရေး အာဃာတ၊ အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ်သုံးသပ်ရန်၊ အများပြည်သူမား ယနေ့မှ စ၍ ၁၅ ရက်အတွင်း ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ပြန်လည် ရှင်းလင်းချက် ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့် အညီ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြောလည်အောင် ဖြေရှင်းသွားမည် ဖြစ်ကြောင်း စသည့်အချက်များပါဝင်သည်။
တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏ ကြေညာချက်
ဆက်စပ်သတင်း -
၈လေးလုံး ငွေရတု တက်သည့် ဆရာမအား ထုတ်ပယ်သဖြင့် ပညာရေး ဝန်ကြီးဌာန ရှုတ်ချခံရ
http://burma.irrawaddy.org/archives/47042
.
4 comments :
  1. Anonymous said... :
    ကောင်းတယ် ဆရာမက ကျောင်းသားတွေ ကို ပညာသင်ကြားပေးရမှာလေ ၊ နိင်ငံရေး လုပ်မယ်ဆိုရင်လည်း ၊ ၀န်ထမ်းကနေအနားယူပြီး လုပ်နိင်ပါတယ် ၊ ဟိုလိုလို ဒီလိုလို ၀န်ထမ်းယောင်ယောင် နိင်ငံရေးသမားယောင်ယောင် မလုပ်သင်.ပါဘူး ၊ တော်ကြာကလေးတွေကို မဟုတ်တာတွေသင်ပေးနေအုံးမယ် ၊ တာဝန်ကနေ အနားပေးလိုက်တာကောင်းပါတယ် ။ တော်ကြာ အာဏာရူး မရာမဖြစ်နေအုံးမယ် ။
  1. Anonymous said... :
    ရှစ်လေးလုံးတတ်ရုံနဲ့ နိုင်ငံ့ရေးသမား ဖြစ်ရောလား။အံ့ရော စဉ်းစားချက်ကိုတော့။
  1. Saw Naung said... :
    သတင်းစာရှင်းလင်းပွဲ တက်တာပါ။ သေချာ ဖတ်ကြပါ အမည်မဖော်လိုသူ မောင် anonymous တို့ရယ်။
    ကလေးတွေကို ပညာသင်ပေးမယ့် ဌာနကြီးက ဥပဒေ၊ နည်းဥပဒေ နဲ့စည်းကမ်း တွေကို မလိုက်နာပဲ ကျွန်လို သဘောထားပြီး ၀န်ထမ်းတွေကို လုပ် နောတာပါ။ သတိထားကြပါ။ ဆရာမ တစ်ယောက်၊ ဆရာတစ်ယောက် ဟာ စစ်မြေပြင် အပါအ၀င် ဘယ်ကို မဆို သွားခွင့် ရှိပါတယ်။ ဘယ် စစ်ပြိုင်ဖက်က မှ ဆရာဆရာမကို မပစ် ရဘူး (ဒါက ဂျီနီဘာ ကွန်ဗန်းရှင်းပါ)။
  1. Anonymous said... :
    အင်း ကျောင်းဆရာမက သတင်းစာရှင်းလင်းပွဲတက်တယ်ဆိုတော့ အပြုသဘောအရ သာမန်အကြောင်းအရာလို့ ယူဆလို့ရပေမဲ့ အခုက တာဝန်ချိန်ဆိုတော့ အငြင်းပွားဖွယ်ရာတွေ ဖြစ်ကုန်တာပေါ့... ဆရာမက စာသင်ချိန်သွားတယ်ဆိုတော့ ကလေးတွေကို ဘယ်သူစာသင်မလဲ..... အခုလိုဖြစ်ရပ်မျိုးကို ခွင့်လွှတ်လိုက်မယ်ဆိုရင် အခြားအခြားသောဝန်ထမ်းတွေ ကလည်း သတင်းစာရှင်းလင်းပွဲတို့ နှီးနှောဖလှယ်ပွဲတို့ နားစွင့်ပြီး လစ်နေမှာပေါ့..... အစရှိအနှောင်နှောင် တာဝန်ချိန်ပျက်ကွက်တာ အရေးယူသင့်ပါတယ်...စည်းကမ်းတင်းကျပ်တာကောင်းပါတယ်...တရားမျှမျှတတလေးပေါ့ဗျာ...
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved