ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာဟာ သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာပါတယ်။
ကြာသပတေးနေ့က အင်းစိန်ထောင် အရာရှိများနဲ့ တွေ့ရတဲ့ ကင်တားနား (ဓာတ်ပုံ - ဧရာဝတီ)
"ယင်းသို့တွေ့ဆုံစဉ် ကျေးလက်ဒေသများတွင် အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော်
ဆောင် ရွက်နေမှုများ၊ ရွှေ့လျားပြည်သူများ (IDPs) နှင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီစေရေး အတွက် ရခိုင်ပြည်နယ်တွင် ကျန်းမာရေး ၀န်ကြီးဌာနက ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ၏ ဖြစ်ပေါ်
ပြောင်းလဲတိုးတက်မှုနှင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အဓမ္မ ခိုင်းစေမှုပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှုနှင့် ပြည်ပသို့ အလုပ်မား စေလွှတ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ မိသားစုများအား လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးအပ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။"
ယမန်နေ့ကတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ကင်တာနာကို လုံးဝ လက်ခံတွေ့ဆုံမှာ မဟုတ်ဘူးလို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်က တဆင့် သြဂုတ်လ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက အသိပေးခဲ့ပါတယ်။
အိမ့်သံစဉ် ~

MRTV ရဲ့ ဖေ့စ်ဘုတ်ပေါ်က သတင်းဖော်ပြချက်ကို မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

0 comments :
Post a Comment