မြန်မာစစ်တပ်အပေါ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ဘယ်လို သုံးသပ်

Thursday, August 29, 2013

အမေရိကန်ပြည်ထောင်စုက အာရှ ပစိဖိတ်ဒေသအပေါ် မဟာဗျူဟာ ဗဟိုချက်အဖြစ် ပြန်လည် သတ်မှတ်ပြီး ပင်တဂွန် က ဘတ်ဂျက် ပိုသုံးစွဲမယ့်အကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ 

 ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဆက်စပ်ပြီး မြန့်မာ့ရေပိုင်နက် အနီးသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် ကမ်းတက် ရဟတ်ယဉ်တင်သင်္ဘော USS Bonhomme Richard (LHD-6) ပေါ်သို့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိကြီးများ သွားရောက် လည်ပတ်ခဲ့ကြစဉ် (ဓာတ်ပုံ – Myanmar Defence Weapons / Facebook)

အရှေ့တောင်အာရှမှာ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ပင်တဂွန် စစ် ဌာနချုပ်က အမေရိကန် ဒေါ်လာ သန်း ၉၀ သုံးမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေး စစ်တက္ကသိုလ်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချာ့ခ် ဟေဂယ်လ် (Chuck Hagel) က မကြာသေးမီက မိန့်ခွန်း ပြောရင်း ကြေညာခဲ့တာပါ။ 

ဒါနဲ့ပတ်သက်ပြီး မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း၊ အမေရိကန်ရောက်သံတမန်ဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က  သူရရှိလေ့လာစုဆောင်းထားတဲ့ အချက်တွေ အပေါ် အခြေခံပြီး အခုလို ဧရာဝတီကို ပြောဆိုထားပါတယ်။ 

အမေရိကန်သည် အာရှ ပစိဖိတ် ဒေသနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာ သိသိသာသာ ပြောင်းလဲ လာပြီးတော့ ဘတ်ဂျက် ပိုသုံးလာသည့်အတွက် မြန်မာတပ်မတော်အနေဖြင့် လိမ်မာပါးနပ်မှု ရှိလျှင် များစွာ အကျိုးရှိနိုင်ပါသည်။ 

သို့သော် အမေရိကန် အနေဖြင့် စဉ်းစားသည့် အဆင့်သာ ရှိနေပြီး မြန်မာတပ်မတော်အပေါ် ယုံကြည်မှု တည် ဆောက်ဆဲဟု ပြောရပါမည်။ 

မြန်မာတပ်မတော်အနေဖြင့် တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် ကစားနေသည် ဆိုတာကို အမေရိကန် တို့ ကောင်းကောင်းသိပါသည်။ 

မြန်မာတပ်မတော် အရာရှိကြီးများအနေဖြင့် လက်ရှိအပြောင်းအလဲအပေါ် အမေရိကန်၏ ထောက်ခံမှုများစွာ ရလာ လိမ့်မည် ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ထင်သလို ဖြစ်မလာသေးသည့် အတွက် နိုင်ငံကြီး (၃) နိုင်ငံကြား  ဟိုပြေး ဒီပြေး ပြေးနေရသည့် သဘောဖြစ်ပါ သည်။ 

ကြားသိရသလောက်တော့ တရုတ်နှင့် ရုရှားက မင်းအောင်လှိုင်ကို Bully လုပ်နေသည်ဟု သိရသည်။ 

မြန်မာတပ်မတော်သည် ၁၉၈၈ နောက်ပိုင်း ဒေါ်လာ သန်းပေါင်းမျာစွာဖြင့် ၀ယ်ယူခဲ့သည့် စစ်လက်နက် ပစ္စည်းများသည် ရုရှားမှ ဖြစ်ကြပါသည်။ 

အထူးသဖြင့် ရုရှားမှ မစ် ၂၉ တိုက်လေယာဉ်များ Missiles များ အမြောက်များသည် တန်ဘိုးကြီး
ပေး ၀ယ် ထားသေသာ လက်နက်များ ဖြစ်ပါသည်။ 

လက်နက်၏ သဘောသဘာဝသည် Spare Parts and Maintenance မရှိလျှင် ဆက်၍ မသုံးစွဲနိုင်ပါ။ ဒါကြောင့် အချက် တချက်အနေဖြင့် စစ်ဗိုလ်ချုပ်များ ရုရှားသို့ မကြာခဏ သွားနေရပါသည်။ 

မင်းအောင်လှိုင် ကစထမှူးဘ၀က “၀” တွေကို ကြိမ်းခဲ့ဖူးသည်။ အမေရိကန်နဲ့ အဆင်ပြေရင် မင်းတို့ မလွယ်ဘူး ဆိုတဲ့ စကား တလုံး ရှိသည်။ 

ဒါကို “၀” နဲ့ တရုတ် ကောင်းကောင်း သိသည်။ 

ဒါကြောင့် တရုတ်က ကေအိုင်အေကို နောက်ပိုင်းမှာ ကျောထောက်နောက်ခံ ပြုလာတာ။ 
ကေအိုင်အေ အဖွဲ့တွေ U.S လာစဉ် ဘာမှ မရသွားသည့်အတွက် တရုတ် ကို အခြေအနေအရ ပေါင်းသွားရသည့် သဘောပဲ။ 

လက်ရှိ မြန်မာ့တပ်မတော်ရဲ့ Potential Enemy က တရုတ်ကျောထောက်နောက်ခံပြုထားသည့် တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေပဲ၊ စစ်တပ်အနေဖြင့် တရုတ်ကို ကာကွယ်နိုင်ဖို့ လက်ရှိ ရှိနေသည့် ရုရှား လက်နက်တွေ ဆက်သုံးနိုင်ဖို့ လိုပါသည်။ 

အမေရိကန်နဲ့ အဆင်ပြေချင်ပေမယ့် ဗိုလ်ချုပ် ခင်ညွှန်အဖွဲ့ ဖြုတ်ခံရပြီးနောက် အမေရိကန် Policy Makers တွေနဲ့ အဆက်အသွယ်တွေ ပြတ်သွားခဲ့တယ်။ 

ပိုဆိုးတာက နောက်လူတွေကို ဗိုလ်ချုပ်သန်းရွှေက အမေရိကန် မုန်းတီးရေး စိတ်ဓာတ် သွင်းပေးထားတော့ အမေရိကန်တွေ၏ ယုံကြည်မှု ရအောင် တော်တော် လုပ်ရဦးမယ်။ 

 အောင်လင်းထွဋ် ~ 

ဆက်စပ်သတင်း 

အရှေ့တောင်အာရှ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအတွက် အမေရိကန် ဘတ်ဂျက်တိုးမြှင့် 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved