မြန်မာနဲ့ အမေရိကန် စစ်ရေး ဆက်ဆံမှု တိုးမြှင့်မယ်

Friday, August 30, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်တို့ဟာ မနေ့က နေပြည်တော်မှာ ၂ နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး အဆင့်မြှင့်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

 ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဆက်စပ်ပြီး မြန့်မာ့ရေပိုင်နက် အနီး သို့ ရောက်ရှိလာခဲ့သည့် အမေရိကန် ကမ်းတက် ရဟတ်ယဉ်တင်သင်္ဘော USS Bonhomme Richard (LHD-6) ပေါ် သို့ မြန်မာ့ တပ်မတော် (ရေ) မှ အရာရှိကြီးများ သွားရောက် လည်ပတ်ခဲ့ကြစဉ် (ဓာတ်ပုံ – Myanmar Defence Weapons / Facebook)

မြန်မာ့အသံက ကြေညာသွားခဲ့ရာမှာတော့  " မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီအရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော် အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ် များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ
ကိစ္စ ရပ်များနှင့် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်" လို့ ပြောသွားပါတယ်။ 

အခုလို တွေ့ဆုံမှုဟာ အာရှပစ္စိဖိတ်ဒေသအနေဖြင့် အမေရိကန်ရဲ့ မဟာဗျူဟာ ဗဟိုချက် ပြန်ဖြစ်လာပြီး မကြာသေးခင်က အမေရိကန် ကာကွယ်ရေး ၀န်ကြီး မစ္စတာ ချာ့ဒ်ဟေဂဲလ်က အရှေ့တောင် အာရှ နိုင်ငံ များအတွက် စစ်ရေးပညာလေ့ကျင့်သင်းပေးရေး ဆိုင်ရာ စစ်အသုံးစရိတ် အမေရိကန် ဒေါ်လာ သန်း ၉၀ အထိ တိုးမြှ့င်ုလိုက်တယ်လို့ ကြေညာအပြီး တွေ့ဆုံမှုပါ။ 

ဒီအတိုင်းဆိုရင်တော့ မြန်မာ့တပ်မတော် အရာရှိတွေ အမေရိကန် စစ်တက္ကသိုလ်တွေမှာ သွားပြီး ပညာ သင်ကြားဖို့ လမ်းစတွေ ပွင့်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ 

တချို့ကလည်း အမေရိကန် သင်ပေးတဲ့ စစ်ပညာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်ခံရမှာတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရမယ့် အရေး စိုးရိမ်သံတချို့လည်း ထွက်လာပါတယ်။ 

အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန(DIILS)က အရာရှိတွေကတော့ နေပြည်တော်မှာ မြန်မာ စစ်အရာရှိတွေကို စစ်ဘက်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ် ညှိနှိုင်းတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ စစ်ဌာနချုပ်ရဲ့ တာဝန်နှင့် ၀တ္တရားများဆိုတာတွေ ကို နေပြည်တော်မှာ သြဂုတ်လ ၂၈ ရက်နေ့က စပြိး ၂ ရက်တာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါ တယ်တဲ့။





ဒီသတင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ သတင်းထောက် လင်းသန့်
ရေးသားတင်ပြထားတဲ့ မြန်မာ-အမေရိကန် စစ်ဘက် ဆက်ဆံရေး တိုးမြှင့် (http://burma.irrawaddy.org/archives/47263) ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါပြီ။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved