ကင်တာနား မြန်မာပြည် မနက်ဖြန်လာမယ်

Saturday, August 10, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားဟာ မြန်မာနိုင်ငံကို မနက်ဖြန် သြဂုတ်လ ၁၁ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တာနား၊ 
ဓာတ်ပုံ- simonroughneen.com

၇ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ကို သောမတ် အိုဟေး ကင်တာနားဟာ ၁၀ ရက်တာ နေထိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို သွားရောက်မှာဖြစ်တယ်လို့ ကုလ သမဂ္ဂ သတင်းထုတ်ပြန်မှု တခုမှာ ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ်တွင်း နေရစ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရသူတွေနဲ့ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားဖို့ ရှိသလို ခရီးစဉ်အတွင်း ဘာသာရေး ခွဲခြားဆက်ဆံခံနေရမှု၊ အပစ် အခတ် ရပ်စဲရေး ကိစ္စတွေနဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေလည်း ယခုခရီးစဉ်အတွင်း အဓိက စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

၁၀ ရက်တာ ခရီးစဉ်က တွေ့ဆုံမေးမြန်းလို့ ရရှိတဲ့အချက်တွေကို လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved