နေပြည်တော်ကို တိုက်ရိုက်ပြေးဆွဲမယ့် ပထမဆုံး နိုင်ငံခြား လေကြောင်းလိုင်း

Friday, August 23, 2013

ဘန်ကောက် အဲယားလိုင်း ကတော့ မြန်မာနိုင်ငံ နေပြည်တော်ကို ပထဆုံး စတင်ပြေးဆွဲမယ့် နိုင်ငံခြား လေကြောင်းလိုင်း ဖြစ်ပါပြီ။ 

 ဓာတ်ပုံ- Bangkok Airways

အခု စက်တင်ဘာ လကုန်ပိုင်းက စပြီး မြန်မာနိုင်ငံက အဓိက မြို့ကြီး ၃ မြို့ကို တိုးချဲ့ ပြေးဆွဲသွားဖို့ က အစီအစဉ် ဆွဲထားတာ ကြာပါပြီဖြစ်ပြီး နေပြည်တော်ကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က စပြီး တပတ်ကို ၃ ကြိမ် တိုက်ရိုက် ပျံသန်း ပြေး ဆွဲသွားမှာ လို့ ဘန်ကောက် အဲယားဝေး ဥက္ကဋ္ဌ မစ္စတာ ပတ်တီပွန် ပရာဆတ်တုန် အော့ဆို့ က ပြောပါတယ်။ 

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့တိုင်း ဘန်ကောက်က နေပြည်တော်ကို ထိုင်ခုံ ၇၀ ပါတဲ့ ATR72 aricraft အမျိုးအစား လေယာဉ်နဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ 

ထိုင်းစံတော်ချိန် ညနေ ၅ နာရီမှာ ဘန်ကောက်က ထွက်ခွာပြီး နေပြည်တော်ကို မြန်မာစံတော်ချိန် ည ၇ နာရီမှာ ဆိုက် ရောက်မှာဖြစ်ပြီး နေပြည်တော်က ည ၇ နာရီ ခွဲက ထွက်ပြီး ဘန်ကောက်ကို ထိုင်း စံတော်ချိန် ည ၁၀ နာရီခွဲ ပြန်လည် ဆိုက်ရောက်မှာဖြစ်တယ်လို့ ဘန်ကောက် အဲယားဝေး ရဲ့ အဆိုအရ သိရပါတယ်။ 

ဒီအပြင် ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိ လေဆိပ်က ရန်ကုန်ကို တနေ့ ၃ ကြိမ် တိုက်ရိုက် ပျံသန်း ပြေးဆွဲရာ ကနေ လာမယ့် အောက်တိုဘာ လ ၂၇ ရက်နေ့က စတင်ပြီး တနေ့ကို ၄ ကြိမ်ပျံသန်း ပြေးဆွဲမှာ ဖြစ်သလို မန္တလေးကိုလည်း စက်တင်ဘာ လ ၁၅ ရက်နေ့က စတင်ပြီး တပတ်ကို ၄ ကြိမ် တိုက်ရိုက် ပျံသန်း တိုးချဲ့ ပြေးဆွဲမှာဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved