.
ရှစ်လေးလုံး အရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားကို မန္တလေးမြို့ ၃၁ လမ်းနှင့် ၈၁ လမ်းထောင့် ရှိ ဓမ္မသာလခန်းမမှာ ၃ ရက်ကြာ ကျင်းပနေပါတယ်။

အဲဒီပွဲမှာ နိုင်ငံရေးဟောပြောပွဲများ၊ လူထုအရေးတော်ပုံဆိုင်ရာ အနုပညာတင်ဆက်မှုများ ပန်းချီ ၊ ဓာတ်ပုံနှင့် ကာတွန်းပြပွဲများအပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ အကျဉ်းထောင်ထဲမှာ ဖန်တီးပြုလုပ်ထားတဲ့ အနုပညာလက်ရာများကိုလည်း ပြသထားပါတယ်။
ဒါ့ အပြင် ၈၈၈၈ ကာလ အသုံးပြုခဲ့ကြတဲ့အလံများ အထိမ်းအမှတ်ပစ္စည်းများကိုလည်း ပြသထားပါတယ်။
မန္တလေး(အထက်ဗမာပြည်)ရဲ့ ရှစ်လေးလုံး၂၅ နှစ်မြောက် အစီအစဉ်ကို မနက်ဖြန် ၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဓာတ်ပုံများ - တေဇလှိုင်
စာရွက်စာတမ်း ပုံနှိပ်ရာတွင် အသုံးပြုသည့် လက်နှိပ်စက်၊ စာကူးစက်များကို စားပွဲတလုံးပေါ်တွင် ပြသထားသည်။
.
0 comments :
Post a Comment