မြမန်း ဂီရိ သီချင်းနဲ့ စန္ဒယားအောင်ဝင်းရဲ့ လက်စွမ်း

Saturday, August 31, 2013

ခေတ်ဟောင်းက မြန်မာတေးသီးချင်းတွေကိုအနောက်တိုင်း ဂီတနဲ့ တီးခတ်တဲ့အခါ ဘယ်လိုဖြစ်လာမယ်ဆို တာ စိတ်ဝင်စားစရာပါ။ ဒါကို စန္ဒယားအောင်ဝင်းက  အခုလို တင်ပြရေးသား ထားပြီး သူ့လက်စွမ်းကို ပြသ ထားပါတယ်။ 


၆၅ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့  - Photo by Mya Soe (UN) — at New York.

မြမန်းဂီရီကို Heavy Rock Distortion Guitar effect ဖြင့် တီးသောအခါ 

ဂီတမိတ်ဆွေ တချို့က ရှေးဟောင်း မြန်မာ သီချင်းကြီးများကို ခေတ်ပေါ် တူရိယာ များနှင့် တီးလိုက်တဲ့ အခါ၊ ဘယ်လိုဖြစ်သွားမလဲလို့  ကျနော့ကို မေးပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ရှေးမြန်မာ ဘုရင် ခေတ်များက ရှေးသီချင်းများဖြစ်တဲ့ မဟာဂီတ တေးသီချင်း များကို စောင်း ပတ္တလား ဆိုင်းဝိုင်း နဲ့  ခေတ် အခါအလိုက် ခန့်ခန့် ညားညား တွဲလုံးများနှင့် တီးခဲ့ကြပါ တယ်။ 

အဲဒီ သီချင်းတွေကို ခေတ်ပေါ် တူရိယာနဲ့  တီးရင် ဘယ်လို ဖြစ်မလဲ ဆိုတာကတော့၊ ပြောပြနေမယ့် အစား YAHAMA PSR S910 မှာပါတဲ့ DANCE STYLE ကို အခြေခံပြီး Heavy Rock Distortion Guitar အသံနဲ့  တီးပြလိုက်ပါတယ်။ 

ဘယ်လို ကွဲပြားခြားနား မှာလဲ ဆိုတာကို၊ နားဆင် ခံစားကြပါခင်ဗျား။ 

ကောင်းလာမယ် ဆိုးလာမယ်ဆိုတာကတော့၊ ပြန်လည် အသုံးပြု လိုက်တဲ့ music style, instrument, voice, effect, tempo တွေအပေါ် မူတည်ပြီး မိမိရဲ့ ခံစားမှုနှင့် ထင်မြင်ယူဆချက်ဘဲ ဖြစ်ပါတယ်။ 

အမှန်တကယ် တတ်ကျွမ်းသော ဂီတပညာရှင်များက ဆန်းသစ်မှုကို အားပေးကြသလို သူတို့ ကိုယ်တိုင် ပြန်လည် သစ်ဆန်း ကြမယ်ဆိုရင်လဲ လူငယ်များ စိတ်ဝင်စား စရာဖြစ်လာမှာပါဘဲ။ 

သို့ သော် လည်း မြန်မာ့ဂီတကို ကောင်းကောင်း တတ်သိ နားလည်မှုမရှိမီ၊ စိတ်ကူးပေါက်သလို လုပ်လိုက် မယ် ဆိုရင်တော့၊ ရေခဲမုန့် ထဲ ငံပြာရည် ထည့်မိသလို အဆီအငေါ် မတည့် ဖြစ်တတ်ပါတယ်။ 

ပန်းချီဆရာ ဆေးအရောင်စပ်သလို ဖြစ်မလာဘဲ ခလေး ဆေးဆော့ သလို ဖြစ် မသွားဖို့  သတိပြုစေလိုပါ တယ်။ 

ကျနော့် စေတနာ ကတော့ နောင် လူငယ်များ မြန်မာ့ဂီတ စိတ်ဝင်စားလာရန်ဘဲ ဖြစ်ပါတယ်။ အခြားဂီတ မြန်မာ့ ဂီတထဲ ရောဝင်လာတာ မပြောသာပေမဲ့ မြန်မာ့ဂီတ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ထင်ပေါ်နေဖို့ ကိုတော့၊ စိတ်ဝင်စားစေချင်ပါကြောင်း လို့ စန္ဒယား အောင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသား ထားပါတယ်။
 



အိမ့်သံစဉ် ~



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved