ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါ တယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၂/၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်)
ရခိုင်ပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ) နှင့် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့ပါ
ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ရခိုင်ပြည်နယ်ဝန်ကြီးများအား ယှဉ်တွဲပါ
ဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန် ပေးအပ်လိုက်သည်-
| ၁ | ဒေါက်တာအောင်ကျော်မင်း | ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန |
| ၂ | ဦးသာလူချေ | စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန |
| ၃ | ဦးကျော်သိန်း | သစ်တောနှင့်သတ္တုဝန်ကြီးဌာန |
| ၄ | ဦးမောင်စံရွှေ | စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန |
| ၅ | ဦးလှဟန် | လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန |
| ၆ | ဦးအောင်သန်းတင် | လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန |
| ၇ | ဦးမြအောင် | စည်ပင်သာယာရေးဝန်ကြီးဌာန |
| ၈ | ဦးကျော်ခင် | လူမှုရေးဝန်ကြီးဌာန |
| (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
0 comments :
Post a Comment