သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်တွေ့ဆုံ

Saturday, August 31, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ တွေ့ဆုံတဲ့အကြောင်း သိရပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ပထမဆုံး နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံစဉ်က

NLD ပါတီ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လွန်ခဲ့တဲ့ နာရီပိုင်းက အောက်ပါအတိုင်း ရေးသား အသိပေးထား ပါတယ်။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ၏ ယာတောအိမ်၌ ယနေ့ နေ့လည် ၃ နာရီအချိန်တွင် တွေ့ဆုံခဲ့ပါသည်။ 

သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြော ခွင့်ရပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အတည်ပြုပါတယ်။

"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြ...န်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာ တာ လား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုပါတယ်။

ဧရာဝတီသတင်းဌာန၏ စုံစမ်းချက်အရ သမ္မတဦးသိန်းစိန်နှင့်ေ ဒ်ါအောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် အရေးပေါ် တွေ့ဆုံမှုတခုဖြစ်ပြီး လတ်တလော ဖြစ်ပွားသော ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းအကြား အာဏာလွန်ဆွဲပွဲနှင့် တိုက်ရိုက်ဆက်စပ်နေတယ်လို့ သိရပါတယ်။ 

 
သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အကြား အားပြိုင်မှုတွေ ရှိနေတယ်ဆိုတဲံ သတင်းတွေ ထွက်ပေါ်နေစဉ်မှာ သူရ ဦးရွှေမန်းနဲ့ မြင်ကွင်းတွေမှာ ဆက်ဆံရေး အတော်ပြေပြစ်တဲ့ လက္ခဏာ ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 
  
ပထမဆုံး အဆိုပါ ၂ ဦး တွေ့ဆုံမှုကတော့ နိုင်ငံတကာက သမိုင်းအချိုးအကွေ့အဖြစ် လက်ခံခဲ့ပြီး နိုင်ငံတကာ ရဲ့ မြန်မာအပေါ် ဆက်ဆံရေးတွေ ပြောင်းလဲစေခဲ့ပါတယ်။ 

အခု ဒီကနေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှာ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးစားမှုတွေနဲ့ ဘယ်လောက်ပတ်သက်မလဲ၊ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ရှိနိုင် သလား၊ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘယ်လောက် ကောင်းကျိုးတွေ ဖြစ်ပေါ်မလဲ ဆိုတာတော့ သတင်း ထုတ်ပြန်မှု မရှိကြသေးလို့ ခန့်မှန်းရ ခက်နေဆဲပါ။ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved