ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံကို သွားမယ်

Friday, August 16, 2013

နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ နိုင်ငံတခုဖြစ်တဲ့ ချက်သမ္မတနိုင်ငံကို သွားရောက်ကာ လာမည့် စက်တင်ဘာလမှာ ကျင်းပမယ့် Forum 2000 အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဖိုရမ် ၂၀၀၀ အစည်းအဝေး တက်ရောက်ဖို့ အတွက် ချက်သမ္မတနိုင်ငံကို ပထဆုံး လာရောက်မှာ ဖြစ်ပြီး တိဗက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နှင့် တောင် အာဖရိ နိုင်ငံက နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒီ ကလပ် တို့နှင့်အတူ တက်ရောက်မှာ ဖြစ်တယ်လို့ ချက် သမ္မတနိုင်ငံ အခြေစိုက် Prague Post သတင်းတပုဒ်က ဆိုပါတယ်။ 

ယခုနှစ်ကို ဖိုရမ် ၂၀၀၀ အစည်းအဝေးကိုတော့ စက်တင်ဘာလ ၁၅ ရက်နေ့က ၁၇ ရက်နေ့ထိ ချက်နိုင်ငံ ပရာဟာ ( Prague)  မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ 

ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်းကို ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင် ကွယ်လွန်သူ ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ် ဟာဗဲလ်က ဂျပန် ဓာတ်ပုံဆရာ Yohei Sasakawa၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ Elie Wiesel နဲ့အတူ ၁၉၉၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး အဆိုပါ ဖောင်ဒေးရှင်းက နှစ်စဉ် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးများ ဆွေးနွေး ဖလှယ်လေ့ရှိတဲ့ ဖိုရမ်အစည်းအဝေးကျင်းပလေ့ရှိပါတယ်။ 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတုန်းက ကွယ်လွန်သွားခဲ့တဲ့ ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ်ဟာဗဲလ်ဟာ 
ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ဆု ရရှိရေး အမည်တင်သွင်းခဲ့ သူလည်းဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို နှင်းဆီပန်းပေးချင်တယ်လို့ သူ မကွယ်လွန်ခင်က ဆောင်းပါး တပုဒ်ရေးပြီး စာဖွဲ့ခဲ့ဖူးပါတယ်။ 

 ချက် နိုင်ငံခြားရေး ၀န်ကြီးက  ဟာဗဲလ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းခဲ့ပါတယ်။
ဒီအကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြခဲ့တဲ့ လွတ်လပ်ခြင်းရဲ့နှင်းဆီ မှာ ဖတ်နိုင်ပါတယ်။

 

ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်း အကြီး အကဲ Jakub Klepal က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်စဉ် အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားလေ့ရှိခဲ့ပေမယ့် အရင်တုန်းက နေအိမ်အကျယ်ချုပ်ကာလတွေနဲ့သာ ဖြတ်သန်းခဲ့ရလို့ မတက်ရောက် နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ဖိတ်ကြားမှု မပျက်မကွက် လုပ်ဆောင်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတနိုင်ငံက ထောက်ခံမှုရှိတယ်ဆိုတာ ပြသနေတာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved