အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင် ဘယ်ပျောက်နေလဲ

Monday, August 19, 2013

၂၀၀၇ ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်ဟာ ပျောက်ဆုံးနေလို့ ညီမ ဖြစ်သူ မလွင်လွင်မြင့်က အရှင် ဂမ္ဘီရရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ရေးသား ဖော်ပြထားပါတယ်။ 

အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်၊ ဓာတ်ပုံ- ကိုညီညီလွင်ဖေ့စ်ဘုတ်


မလွင်လွင်မြင့်ရဲ့ စာပါအတိုင်း ကိုညီညီလွင်ရဲ့ လက်ကိုင်ဖုန်းကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် ဘယ်လို မှ ဆက်သွယ်လို့ မရဖြစ်နေပါတယ်။ 

အခုတော့ မလွင်လွင်မြင့်ရဲ့ စာကို မူရင်း အတိုင်း ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။ 


ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် ကိုချစ်ခင်လေးစားကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်ရှင်။ ကျမက ကိုညီညီလွင် ရဲ့ အမအငယ် မလွင်လွင်မြင့်ပါ။ 

ကိုညီညီလွင်အနေနဲ့ ထောင်ထဲက ရလာတဲ့ စိတ်ခံစားချက်၊ ထောင်ဆရာဝန်က ဘာမှန်း မသိကျွေးလိုက်၊ 
ဆေးထိုး လိုက်တာတွေရှိခဲ့တဲ့အတွက် ဆေးကုသပေးဖို့ လိုအပ်နေပါတယ်။ 

ဦးဂမ္ဘီရဟာ ပုံမှန်အနေအထားကိုပြန်ရောက်ဖို့အတွက် ဆေးကုသဖို့လိုအပ်နေပါသေးတယ်။ ဆေးကုသဖို့
လိုနေတာမို့ နိုင်ငံအတွက် လုပ်ဆောင်ရမယ့် တာဝန်တွေကိုလဲ ဆက်ပြီးဆောင်ရွက်နိုင်ခြင်းမရှိသေး တာပါ။ 

ဒီလိုဆေးကုသဖို့လိုအပ်တဲ့နေရာမှာ ဂျပန်ရောက်မြန်မာများနဲ့ ယုယုကိုတို့ကလဲ ဂျပန်နိုင်ငံကိုလာပြီး 
ဆေး ကု သဖို့ဖိတ်ခေါ်ခဲ့သလို အမေရိကမှာနေထိုင်တဲ့ အဲရစ်က နဲ့ ဗမာအများစုကလဲ အမေရိကကို
ဆေးကုသဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်က ရန်ကုန်မှာနေစဉ် တည်းက သူ့ကိုကုသခဲ့ဖူးတဲ့ ဒေါက်တာနော်ရာနဲ့ပဲ ကုလက်စ ဖြစ်နေတဲ့ အတွက် အမေရိကမှာပဲ ဆေးကုသမှုခံယူဖို့ရွေးချယ်ခဲ့ပါတယ်။ 

အမေရိကကိုဆေးကုသမှုခံယူဖို့ သိပ်မကြာခင်မှာ ထွက်ခွာဖို့ရှိပါတယ်။ 

ကိုညီညီလွင်ဟာ သြစတြေးလျနိုင်ငံသူ marie နဲ့လဲလက်ထပ်ခဲ့ပါတယ်။ marie ဟာ လက်ထပ်ပြီး သိပ်မကြာ ခင်မှာ ထိုင်းနိုင်ငံကိုခဏပြန်သွားပါတယ်။ သူတို့နှစ်ဦးလက်ထပ်ခဲ့တာကို မိသားစုဝင်တွေ တယောက်မှမသိခဲ့ပါဘူး။ အသိပေးခြင်းလည်းမရှိပါဘူး။ 

သူတို့လက်ထပ်တဲ့သတင်းကို ဖေ့စ်ဘွတ်ပေါ်မှာတွေ့မှသာ မိသားစုဝင်တွေကသိရတာပါ။ ကိုညီညီလွင်ဆီ ကို ဖုန်းဆက်မေးတော့မှ ဟုတ်မှန်တယ်လို့ အတည်ပြုပါတယ်။ 

ဒါပေမယ့် ခုချိန်မှာတော့ marie က ကိုညီညီလွင်ကို ဆက်သွယ်တာတွေ မလုပ်တော့ပါဘူး။ 

ခုအနေအထားမှာ ကိုညီညီလွင်က အိမ်ကနေတိတ်တဆိတ်ထွက်သွားပြီး ဘယ်ရောက်နေလဲဆိုတာကို မိသားစုဝင်တွေက မသိကြရပါဘူး။ 

မနက်က ဖုန်းအဆက်အသွယ်ရပေမယ့် သူဘယ်နေရာရောက်နေတယ်ဆိုတာကို အတိအကျမပြောပြတဲ့ အတွက် မိသားစုအားလုံးက သောကရောက်နေကြပါတယ်။ 

တကယ်တော့ ဆေးကုဖို့လိုအပ်နေတဲ့ လူတယောက်ဟာ အနားမှာ မိသားစုဝင် တစုံတယောက်မှ မရှိရင် စိတ်မချရပါဘူး။ 

ကိုညီညီလွင်ကိုဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်က ၀၉-၄၀၂၅၁၇၉၂၆ ဖြစ်ပါတယ်။ ဒီစာတွေကိုအချိန်ယူပြီး ဖတ်ပေးသူတွေကိုလည်း ကျမတို့မိသားစုကကျေးဇူးတင်ပါတယ်။ 

 လေးစားစွာဖြင့် 


မလွင်  

ဆက်စပ်သတင်း 

ကိုညီညီလွင်နဲ့ သူ့မိသားစု အဆက်အသွယ်ပြန်ရပြီ  

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ

 

 

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved