လူရွှင်တော် ပါပါလေးရဲ့ နောက်ဆုံး ခရီး

Monday, August 5, 2013

မန္တလေးမြို့ မှ လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေးရဲ့ ဈာပနကို သြဂုတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့  ပန်းခြင်းပေးပို့ ခဲ့ပြီး NLD ပါတီ ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လုပ်ဖော်ကိုင်ဘက် သဘင် အနုပညာရှင်များက လူရွှင်တော် ပါပါလေးရဲ့ နောက်ဆုံး ခရီးကိုလိုက်ပါပို့ ဆောင်ခဲ့ ကြပါတယ်။ 

ဓာတ်ပုံ-တေဇလှိုင်

လူရွှင်တော် ဦးပါးပါးလေးဟာ စစ်အစိုးရကို သရော်သည့် ပြက်လုံးများထုတ်ခြင်း၊ဒေါ်အောင်ဆန်းစုကြည်  ခြံဝင်းအတွင်း ကျင်းပသည့်  လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အငြိမ် ကပြ ဖျော်ဖြေခဲ့တာတွေကြောင့် အကြိမ်ကြိမ် ထောင်ကျ ခံခဲ့ရပါတယ်။



ဆက်စပ်သတင်း 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved