ဆရာကြီး ဦးဝင်းဖေ ပန်းချီကား ကျပ် ၂၈ သိန်းနဲ့ လေလံတင်ရောင်းချ

Monday, August 5, 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ ''ရှစ်လေး လုံး ငွေရတု''မဂ္ဂဇင်း အတွက် စွယ်စုံရ အနုပညာရှင် ဆရာဦးဝင်းဖေ ရေးဆွဲပေးထားတဲ့ ပန်းချီကားကို ယမန်နေ့က ဈေးပြိုင်လေလံတင် ရောင်းချရာမှာ နောက်ဆုံး ကျပ် ၂၈ သိန်းနဲ့ ရောင်းချလိုက်ပါတယ်။ 

 ကျပ် ၂၈ သိန်းနဲ့ လေလံတင်ရောင်းချလိုက်တဲ့ ဦးဝင်းဖေရဲ့ ပန်းချီကား၊ ဓာတ်ပုံ- 8888 Silver Jubilee

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ရှိ တော်ဝင်နှင်းဆီ ခမ်းမမှာ ကြမ်းခင်းဈေး ၈၈၈၈ ကျပ်နဲ့ စတင်ပြီး ဈေးပြိုင် စနစ် နဲ့ လေလံတင်ရောင်းချခဲ့ရာ ပရိသတ်တဦးက ကျပ် ၈ သိန်း ၈ သောင်း ၈ ထောင် ၈ ရာ ၈၀ နဲ့ စတင် ဈေးပေးခဲ့ တယ်လို့ ရှစ်လေးလုံး ငွေရတု ကော်မတီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

“နောက်ဆုံးတွင် ကိုထက်အောင်မှ ၂,၈၀၀,၀၀၀၀ သိန်း (ကျပ် နှစ်ဆယ့် ရှစ်သိန်း) ဖြင့် အမြင့်ဆုံးဈေးပေး ဝယ် ယူ သွားခဲ့သည်” လို့ ရှစ်လေးလုံး ငွေရတု ကော်မတီရဲ့ ဖေ့စ်ဘုတ်က ဆိုပါတယ်။ 

ဆရာဦးဝင်းဖေဟာ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ စတဲ့ အနုပညာ အလုပ်များစွာကို လုပ်
ဆောင် သူ စွယ်စုံရ အနုပညာရှင်ဖြစ်ပါတယ်။ ဆရာ ဦးဝင်းဖေရဲ့ ပန်းချီများဟာ လက်ရာမြောက်ပြီး ဈေး ကွက်ဝင် ပန်းချီတွေလည်း ဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved