ဖြူထိပ်ထား လို့ ခေါ်ပါ

Wednesday, August 28, 2013

 ~


ရတနာဖြူဖြူအောင် နာမည်ပြောင်းလိုက်ပါပြီ။
သူ့ကို ဖြူထိပ်ထား လို့ ခေါ်ပါ တဲ့။
နာမည်သစ်က ၅ဝ% ပိုပြီးတိုသွားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ နာမည်ဟောင်းနဲ့တုန်းက နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့ ကြော်ငြာခဲ့ပါသေးတယ်။
နေတိုး၊ သက်မွန်မြင့်တို့နဲ့အတူတူ သရုပ်ဆောင်မှာပါ။


(သက်မွန်မြင့်၊ နေတိုး၊ ဖြူထိပ်ထား)

အဲဒါက ဖြူထိပ်ထားတို့မိသားစုရဲ့ Queen Jewel ကနေ ထုတ်လုပ်မယ့် ဇာတ်ကား ဖြစ်ပါတယ်။
ရုပ်ရှင်ကားကြီးမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

အခုတော့ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် ဖြူထိပ်ထား ဖြစ်သွားပါပြီ။
ဖြူထိပ်ထားဖြစ်သွားကြောင်းကို ဒီကနေ့ သတင်းစာ အများအပြားမှာလည်း ကြော်ငြာထည့်ထားပါတယ်။

သူက သီချင်းလည်း ဆိုပါသေးတယ်။
အိပ်မက်ကလေး လို့ နာမည်ပေးထားတဲ့ တကိုယ်တော်စီးရီး မကြာသေးခင်က ထွက်ထားတယ်လို့ ယူဆရပါတယ်။

သြရသ နဲ့ သူနဲ့ တွဲဆိုထားတဲ့ သီချင်းရုပ်သံကို http://www.youtube.com/watch?v=OgjZ9aUJ8LA မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။ 

 



.

1 comments :

  1. Anonymous said... :

    ပုပြီး တစ်စုံ တစ်ခုကြီးနေသလိုဘဲ.............လက်မောင်း

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved