မိုက်ခရိုဆော့ဖ်က နိုကီယာကို ၀ယ်မယ်

Wednesday, September 4, 2013

~


နည်းပညာလောကမှာ သတင်းကြီးတခုအဖြစ် ထူးခြားတာကတော့ အမေရိကန် အခြေစိုက် မိုက်ခရိုဆော့ဖ် Microsoft ကုမ္ပဏီက ဖင်လန်နိုင်ငံ အခြေစိုက် နိုကီယာ Nokia ကုမ္ပဏီရဲ့
လက်ကိုင်ဖုန်းဌာနကို  ဒေါ်လာ ၇ ဘီလျံ ကျော် ( ယူရို ၅ ဘီလျံခွဲခန့်) နဲ့ ၀ယ်ယူပါတော့မယ်။ 

 Microsoft CEO Steve Ballmer နဲ့ Nokia ဥက္ကဋ္ဌ Risto Siilasmaa၊ ဓာတ်ပုံ- theguardian

မိုက်ခရိုဆော့ဖ်အနေနဲ့ နိုကီယာကို ၀ယ်မယ်ဆိုရင် ဒုတိယ မြောက် ဟန်းဆက် ကုမ္ပဏီကို ၀ယ်တာလည်းဖြစ်မှာပါ။ ပထမ အကြိမ်ကတော့ ၂၀၀၈ ခုနှစ်က အမေရိကန် ဒေါ်လာ သန်း ၅၀၀ နဲ့ ဒိန်းဂျား (Danger ) လက်ကိုင် ဖုန်း ကုမ္ပဏီကို ၀ယ်ခဲ့တာပါ။ 

နိုကီယာဟာ ကမ္ဘာ့တယ်လီဖုန်းဈေးကွက်မှာ တချိန်က ထိပ်တန်း ကုမ္ပဏီကြီး တခုဖြစ်ခဲ့ပေမယ့် စမတ်ဖုန်းတွေ ခေတ်စား လာချိန်မှာတော့ အစုရှယ်ယာဈေးတွေ ထိုးကျသွားခဲ့တာ သိသိသာသာပါပဲ။ 



မိုက်ခရိုဆော့ဖ်က  စမတ်ဖုန်း လောက မှာ နောက်ကျနေခဲ့တာကို အမှီ လိုက်ဖို့ ကြိုးစားမှု တခုလည်းဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ်အနေနဲ့ အစုရှယ်ယာဝင်တွေရဲ့ သဘောတူညီမှုကိုရယူဖို့တော့ လိုပါသေးတယ်။ 


အပြီးသတ် ၀ယ်ယူမှု ဖြစ်သွားရင်တော့ လာမယ့် နှစ်က စပြီး နိုကီယာ ၀န်ထမ်း ၃ သောင်းကျော်ကိုလည်း မိုက်ခရိုဆော့ဖ် က လွှဲပြောင်းယူမှာလည်းဖြစ်တယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved