ကမ္ဘာ့မယ်ပြိုင်ပွဲ မြန်မာကိုယ်စားပြုသွားမယ့်သူကို အဆင့်ဆင့်ရွေးချယ်နေ

Wednesday, September 25, 2013

မြန်မာနိုင်ငံကိုယ်စားပြု Miss Universe 2013 ၀င်ရောက်ယှဉ်ပြိုင်မယ့် ဆန်ခါတင် ထပ်မံ ရွေးချယ်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။  
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဆန်ခါတင် အယောက်၂၀ ကိုရွေးချယ်ပြုလုပ်ခဲ့ပြီးသားပါ။ 


Miss Universe 2013 အတွက် ဆန်ခါတင် ရွေးချယ်ခံထားရသူတချို့၊ ဓာတ်ပုံ- မြန်မာ့အလင်း


ရွေးချယ်ထားတဲ့ ၂၀ ဦးထဲမှာမှ ၃ ယောက်က နုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ထပ်ပြီး အရံရွေးချယ်ထားတဲ့ သူတွေထဲက  ၄ ဦးကို ထပ်မံရွေးချယ်ခဲ့ရပါတယ်။ 

အခုဆို မြန်မာနိုင်ငံဟာ ပွင့်လင်း  မြင်သာ လာတာနဲ့အမျှ Miss ပြိုင်ပွဲဝင်မယ့်သူတွေလဲ အများအပြားပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာနိုင်င်ငံဟာ ကမ္ဘာအလယ်မှာလည်း အရင်ကထက် လူသိများလာခဲ့ပါပြီ။ 

မကြာမီ ပြုလုပ်ကျင်းပမယ့် Miss Universe ပြိုင်ပွဲဟာ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက် ယဉ်ပြိုင်တာဟာဆိုရင် ဒါဟာ နှစ်ကြိမ်မြောက် ၀င်ရောက် ယဉ်ပြိုင်တာဖြစ်ပါတယ်။ 

၁၉၆၁ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီနှစ် Miss Univers ပြိုင်ပွဲကို ကျင်းပမှာကတော့ ရုရှားနိုင်ငံ မော်စကိုမြို့မှာပါ။  နိုင်ငံပေါင်း ၇၄ နိုင်ငံက  ၀င်ရောက် ယှဉ်ပြိုင်ဖို့  စာရင်းပေးထားပြီဖြစ်ပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံအပါအ၀င် ယှဉ်ပြိုင်မယ့်အကြောင်း စာရင်းပေးပို့ဖို့ ၁၃ နိုင်ငံ ကျန်ရှိနေပါသေးတယ်။

Miss Universe Myanmar 2013 ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆန်ကာတင် ရွေးချယ်ခဲ့တဲ့ ၄ ဦးကတော့ ခါးနံပတ်၃- လှမြတ်သူ၊ ခါးနံပတ် ၇- ခင်ခင်ဌေး၊ ခါးနံပတ် ၁၂-ခင်မြတ်နိုးဦး၊ ခါးနံပတ် ၁၄-ယွန်းမီတို့ ဖြစ်ပါတယ်လို့ နိုင်ငံပိုင် သတင်းစာနဲ့ ပြန်ကြားရေး ၀က်ဆိုက်တွေက ဆိုပါတယ်။

အဲဒီအထဲက ပထမ၊ ဒုတိယ၊ တတိယ တွေကို ထပ်မံ ရွေးချယ်မယ့် ပြိုင်ပွဲကတော့လာမယ့် အောက်တိုဘာ လ ၃ ရက်နေ့မှာပါ။
ပထမရရှိသူက Miss Universe 2013  ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရပါလိမ့်မယ်။ 


Miss Universe Myanmar ကို အဓိက စပွန်ဆာပေးတာကတော့ ထူးဖောင်ဒေးရှင်း ဖြစ်ပါတယ်။   

အိမ့်သံစဉ်~ 

 
ဓာတ်ပုံ- Miss universe Myanmar.com





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved