မလေးရှားက ရွှေတွေ မျက်နှာငယ်နေရပြီ

Monday, September 2, 2013

မလေးက လူဖမ်းပွဲမှာ အဓိက ပစ်မှတ်အထားခံရသူတွေက မြန်မာတွေပါလို့ မလေးရှားရောက် မြန်မာတွေ က ပြောလာပါတယ်။ 

မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်း ၃ ရက်က မြန်မာ အလုပ်သမား တဦး ၏ ရုပ် အလောင်း ကို မလေးရှား ရဲ တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဓာတ်ပုံ – Straits Times)

အရင်တုန်းကတော့ မလေးရှားမှာ မြန်မာတွေဟာ တစုံတရာ နေရာတခု ရှိခဲ့ပေမယ့် မြန်မာနိုင်ငံ ရခိုင်
ပြည်နယ်နဲ့ ဒေသတချို့မှာ လူအုပ်စုချင်း ပဋိပက္ခတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ မြန်မာတွေဟာ မလေးရှားတွေရဲ့ ပစ်မှတ်ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ 

မွတ်စလင်အများစုဖြစ်တဲ့ မလေးရှားတွေက အဓိက ပစ်မှတ်ထားရခြင်း အကြောင်းက  မြန်မာနိုင်ငံ ရခိုင်
ပြည်နယ်နဲ့ မိတ္ထီလာ၊ ဥက္ကံအစရှိတဲ့ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နေရာတွေမှာ မွတ်စလင် ဘာသာဝင်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီခဲ့တာဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ၊ ဗမာ
တွေ ကြောင့် ဆိုတဲ့ စွပ်စွဲကြတယ်လို့ ပြောကြာပါတယ်။ 

ဒါကြောင့်ပဲ တလောက မလေးရှားမှာ မြန်မာတချို့ ဆက်တိုက်ဆိုသလို တိုက်ခတ်သတ်ဖြတ်ခံခဲ့ကြရပြီး 
ပြည်တော်ပြန်ကြရတဲ့ အခြေဆိုက်ခဲ့ကြရတာပါ။ အဲဒီတုန်းကလည်း မလေးရှားက ရွှေ လို့ ခေါ်ကြတဲ့ မြန်မာ 
တွေ သွေးပျက်ခဲ့ကြရတယ်။

အခု လည်း တရားမ၀င် နေထိုင်ကြသူတွေကို မလေးရှားက စီမံချက်ချ လူဖမ်းပွဲကြီးလုပ်ကြတာမှာတော့ တရားမ၀င် ဖြစ်နေကြတဲ့ မြန်မာနိုင်ငံက ရွှေမြန်မာဆိုသူတွေက ၅ သောင်းလောက် ရှိတယ်ဆိုရာမှာ 
နေရပ်တွေမှာ မနေရဲလို့ တောတောင်တွေထဲ သွားပုန်းသူက ပုန်း၊ အဖမ်းခံရသူတွေက အဖမ်းခံရ၊ အဖမ်း ခံရပြီး နှိပ်စက်ညှင်းပန်းခံရသူတွေလည်း ရှိ မြင်ရတဲ့ သတင်းတွေက စိပ်မကောင်းစရာပါ။ 

တိုင်းတပါးမှာ ကိုယ့်နိုင်ငံသားတွေရဲ့ ဘ၀ လုံခြုံရေး၊ အခွင့်အရေးတွေအတွက် ကိုယ့်နိုင်ငံ သံရုံးက တာဝန်တွေ ပျက်ကွက်နေသလားဆိုတာတော့ အထူးပြောစရာ မလိုပါ။ 

တကယ်တော့ ကိုယ့်နိုင်ငံသားတွေ တိုင်းတပါးမှာ မျက်နှာငယ်နေကြရတာဟာ သက်ဆိုင်ရာ နိုင်ငံတော် အစိုးရ၊ သံတမန်တွေရဲ့ တာဝန် လစ်ဟင်းမှုတွေလို့ ပြောရင် မမှားနိုင်ပါ။ 

တချို့နိုင်ငံကြီးတွေမှာ သူတို့ နိုင်ငံသားတယောက်အတွက် ဘယ်နိုင်ငံမှာ ဘာဖြစ်ဖြစ် အသည်းအသန် အားစိုက်ပြီး ကူညီဖြေရှင်းကြတာ အားကျစရာ ကောင်းသလို အဲဒီနိုင်ငံသားတွေကလည်း သူတို့ အစိုးရကို 
လေးစားတန်ဘိုးထားကြတာပါ။ 



အိမ့်သံစဉ် ~








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved