လယ်တီသိမ်တော် ကာကွယ်ရေး လမ်းလျှောက်သူများ ယနေ့ ည စစ်ကိုင်းမှာ ညအိပ်နား

Sunday, September 29, 2013

လက်ပန်တောင်းတောင်ခြေရှိ လယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်ရန် ဟုဆိုကာ 

မန္တလေးမြို့၊ အမရပူရမြို့ နယ်မှ စတင်လမ်းလျှောက်ထွက်ခွာလာခဲ့သူတွေဟာ ယနေ့ ည စစ်ကိုင်းမှာ ညအိပ် ရပ်နားမှာဖြစ်ပါတယ်။ 

ဓာတ်ပုံ -တေဇလှိုင်/ဧရာဝတီ  


လက်ပတောင်းဒေသခံတွေနဲ့ ရန်ကုန်မြို့ မှ တက်ကြွလှုပ်ရှားသူများ ပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့်ကို စစ်ကိုင်းမြို့အဝင် ဧရာဝတီတံတား(ရတနာပုံ) အဆင်းမှာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဆက်မသွားရန် တားဆီးရာမှ အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ 




တက်ကြွလှုပ်ရှားသူ ကိုသန့်စင်နှင့် ဦးဘမြင့် တို့ ကို လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ က ဖမ်းဆီးရန်ကြိုးပမ်းရာမှ အဲဒီလို ဖြစ်ပွားခဲ့ခြင်းပါ။ 

လမ်းလျှောက်ချီတက်သူတချို့  ဖမ်းဆီးခံရစဉ်၊



စစ်ကိုင်းခရိုင်မှ တာဝန်ရှိသူအချို့ နှင့် ညှိနှိုင်းပြီးနောက် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါ အဆိုပါအဖွဲ့ သည် ကောင်းမှုတော်ဘုကြီး အနီး ဓမ္မာရုံတွင် ညအိပ်ရပ်နားမည် ဖြစ်ကြောင်းသိရှိရပါတယ်။


တေဇလှိုင် ~










 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved