နန်းခင်ဇေယျာ၊ သူ့ ပုံတူ ပန်းချီပန်းပုနဲ့ မေရီချက်(ပ်)မင်းကျောင်း

Tuesday, September 10, 2013

နန်းခင်ဇေယျာက မေရီချက်(ပ်)မင်း နားမကြား ကျောင်းကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံလေးကို သူ့ ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ 

နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းကို နောက်ထပ် တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။ 



ကလေးငယ်များနှင့်လည်းရင်းနှီးပြီးဖြစ် သောကြောင့် သူတို့ကလည်းဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး 
ပျော်ရွှင်နေ ကြပါတယ်။  

 မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊ ပန်းပုပညာရှင် ဦးကျော်ကျော်မင်း တို့မှ ကျောင်းသားကျောင်းသူများကို လက်တွေ့သရုပ်ပြရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားအစီအစဉ်သို့သွားရောက်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သရုပ်ပြကူညီခဲ့ပါတယ်။   

အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေးငယ်လေးများသည် အကြား အာရုံချို့တဲ့ သော်လည်း အမြင်အာရုံစူးရှပြီး မှတ်ဥာဏ်စွမ်းအားကောင်းကြပါတယ်။ 

တီထွင်ကြံဆဥာဏ်များလည်းကောင်းကြပါတယ်။ ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှု အနုပညာရပ်များထဲမှ ပန်းချီနှင့်ပန်းပုပညာရပ်များကို စိတ်ပါဝင်စားလာပြီး သင်ယူတတ်မြောက်လိုစိတ်များ   ဖြစ်ပေါ်လာစေရန်၊ မြန်မာ့လက်မှုအနုပညာများကို တန်ဖိုးထားပြီး အမွေဆက်ခံ ထိန်းသိမ်း  စောင့်ရှောက် တတ်စေရန်ရည်ရွယ်ပြီး ပန်းပုပညာရှင် ဦးကျော်ကျော်မင်းမှ ဒီအစီအစဉ်လေးကို စီစဉ်  ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။ 

ပန်းချီပန်းပုပညာရှင် ဆရာများမှ နန်းခင်ရဲ့ ပုံတူ ရေးဆွဲထုလုပ်နေစဉ်မှာ နန်းခင် ပူးပေါင်းကူညီ သရုပ်ပြ  
ပေးခဲ့ပါတယ်။ ဆရာတို့မှ ကျောင်းသားကျောင်းသူလေးများကိုလည်း သင်ကြားပြသပေးခဲ့ကြပါတယ်။ စိတ်ပါဝင်စားကြတဲ့ ကျောင်းသားကျောင်းသူလေးများကလည်း နန်းခင်ပုံတူ ပန်းချီကားချပ်လေးများ ကိုရေးဆွဲပြီး နန်းခင်ကို လက်ဆောင်ပေးခဲ့ကြပါတယ်။ 

 ဒီအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြသော ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၊ ပန်းချီပညာရှင် ဦးရွှေမြင့် နှင့်ပန်းချီပညာရှင်များ၊ မေရီချက်(ပ်)မင်း နား မကြားသောကလေးများ ကျောင်းမှ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူမောင်ညီမလေးများ၊ ဒီအစီအစဉ်လေးမှာ ဓာတ်ပုံမှတ်တမ်းတင်ပေး ခဲ့ပါသော ကိုအောင်မျိုးမြင့် AMM Photography နှင့် ကိုထွန်းထွန်းဦး (Focus)တို့နှင့် ကူညီဆောင်ရွက် ခဲ့ကြသော ကျေးဇူးတင်ထိုက်သူအားလုံးတို့ အား ကျေးဇူးအထူးတင်ရှိ ပါကြောင်းနှင့် ယခုလိုပါဝင်
ဆောင်ရွက်ခဲ့ရတဲ့ အတွက်လည်း အထူးပင်ဝမ်းမြောက်ဝမ်း သာဖြစ်ရပါကြောင်း နန်းခင်ရဲ့ Facebook စာမျက်နှာမှနေ၍ ပြောကြားပါရစေရှင်…။ 

နန်းခင်နှင့်အတူ နန်းခင်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းမြောက်ပီတိဖြစ်စေရန် ရည်သန်၍ ……. 

“နန်းခင် နှမရဲ့ ရုပ်သွင်ကို
 မြန်မာ့လက်မှု ပန်းချီပန်းပုပညာဖြင့်
 မှုန်းခြယ်ထွင်းထုကာအသက်သွင်း
 ပညာရှင်များ ဖန်ဆင်းလို့
 အနုလက်ရာမြောက်ပါတဲ့
 နန်းခင်ရဲ့ ပုံတူများ ……” 

နန်းခင်ဇေယျာ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved