မီးသတ်ကားနဲ့ ရန်ကုန် လမ်းပိတ်ဆို့မှု

Tuesday, September 17, 2013

 ~



ဒီမနက်ပိုင်း ရန်ကုန်မြို့ ဆူးလေဘုရားနားက ဗဟိုမီးသတ်ရုံးထဲကနေ မီးသတ်ကားတွေ တစီးပြီးတစီး မောင်းထွက်သွားပါတယ်။


ဧရာဝတီရုံးက သတင်းထောက်တယောက် ဖုန်းဆက်စုံစမ်းကြည့်တော့
လမ်းမတော်မြို့နယ်က ညောင်ပင်လေးဈေးမှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနက ပြန်ဖြေပါတယ်။ ငြိမ်းသွားပါပြီ တဲ့။

ပုံမှာ တွေ့ရတဲ့အတိုင်း မီးသတ်ရဲဘော်ကြီးများက ပြေးလွှားပြီးတော့ ကားပေါ်တက်ကြ၊ ကားထွက်ကြပါတယ်။
 ဗဟိုမီးသတ်ရုံးထဲက အချက်ပေးခေါင်းလောင်းသံထွက်လာပြီး ၂ မိနစ်အတွင်းမှာပဲ ပြေးလွှားပြင်ဆင်တဲ့ မီးသတ်ရဲဘော်များ ကားတွေနဲ့ လမ်းပေါ်ရောက်သွားပါတယ်။

မီးသတ်သမားများ သွက်သွက်လက်လက် ရှိတာတော့ ဟုတ်ပါပြီ၊ ဗဟိုမီးသတ်ရုံးရဲ့ အရပ်လေးမျက်နှာဟာ ယာဉ်ကျော အထူးပိတ်တဲ့လမ်းတွေ ဖြစ်နေတာကတော့ ပြဿနာကြီးတခု ဖြစ်ပါလိမ့်မယ်။



ရန်ကုန်မှာ မီးသတ်ကား၊ ဆေးရုံကား အစရှိတဲ့ အရေးပေါ်ယာဉ်တွေ တခါတရံ အရေးပေါ် သွားလာရတဲ့အတွက် ဒီ ယာဉ်ကျောပိတ်မှုကြီးတွေက ကောင်းကောင်း ဒုက္ခပေးမှာ အသေအချာပါပဲ။

ဒီလိုအခက်အခဲတွေ ရှိနိုင်တဲ့အတွက် ယာဉ်ကျောပွင့်အောင် လုပ်ကိုင်ရေးကို အာဏာပိုင်တို့ ဆောင်ရွက်နေကြပြီလို့ ယူဆရပါတယ်။

စက်တင်ဘာ ၁၈ နေ့ခင်း ဖြည့်စွက်ချက်

ညောင်ပင်လေးဈေးမီးလောင်မှုက  မိနစ် အနည်းငယ် ကြာခဲ့တယ်လို့ ဒီကနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၇ မှာ ရေးထားပါတယ်။ အာစီရှစ်ထပ်တိုက် လေးလွှာ အဆောင် (အေ) အခန်းအမှတ် ၄၀၄ မှာ ရှိတဲ့ ရုံးခန်းတခုမှာ လောင်တယ်၊ အဲယားကွန်း၊ ကွန်ပျူတာ၊ ဖိုင်ဘာတံခါးတခု နည်းနည်းလောင်သွားတယ်လို့ ဆိုပါတယ်။ လောင်ရခြင်းအကြောင်းရင်းက အဲယားကွန်း အပူချိန် မြင့်တက်ခဲ့ခြင်းကြောင့်လို့ ရေးထားပါတယ်။


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved