မယ်စကြာဝဠာမြန်မာ ပြိုင်ပွဲရဲ့ နောက်တိုး လေးဦး

Friday, September 27, 2013

 ~





မယ်စကြာဝဠာလောင်းလျာပြိုင်ပွဲကနေ ထွက်သွားသူတွေ ရှိတဲ့အတွက် လေးဦး ထပ်ဖြည့်ထားပါတယ်။
ဒီပို့စ်မှာ သူတို့ လေးဦးအကြောင်း ဖော်ပြလိုက်ပါတယ်။
 


မယ်စကြာဝဠာမြန်မာဒေါ့ကွန် http://missuniversemyanmar.com မှာတော့ သူတို့ရဲ့ ရင်၊ ခါး၊ တင် အရွယ်အစားကို လက်မနဲ့ ပြထားတာ တွေ့ရမှာပါလိမ့်မယ်။
အရပ်ကိုတော့ စင်တီမီတာနဲ့ ပြပါတယ်။
မြန်မာပရိသတ်က စင်တီမီတာနဲ့ ရင်းနှီးမှု မရှိဘူး ထင်လို့ မကူးပြတော့ပါဘူး။
လက်မနဲ့ ပြတာတွေကိုပဲ ကူးလိုက်ပါတယ်။


လှမြတ်သူ

အသက် ၂၄
ပညာရေး - ဘီအေ (အင်္ဂလိပ်)
ရည်မှန်းချက် - ကိုယ်ပိုင်လုပ်ငန်းရှင်

အလေးချိန် - ၁၂ဝ ပေါင်
ရင် - ၃၄ လက်မ
ခါး - ၂၅ လက်မ
တင် - ၃၇ လက်မ


ခင်ခင်ဌေး - 7

အသက် ၂၂
ပညာရေး - Grade - 11
ရည်မှန်းချက် - စူပါမော်ဒယ်

အလေးချိန် - ၁၁၈ ပေါင်
ရင် -၃၂ လက်မ
ခါး - ၂၈ လက်မ
တင် - ၃၈ လက်မ



ခင်မြတ်နိုးဦး - 12

အသက် ၂၂
ပညာရေး - B.Com
ရည်မှန်းချက် - အောင်မြင်တဲ့လုပ်ငန်းရှင်၊ မြန်မာ့ပညာရေးစနစ်ကို အထောက်အကူပြုနိုင်သူ

အလေးချိန် - ၁ဝ၅ ပေါင်
ရင် -၃၂ လက်မ
ခါး - ၂၅ လက်မ
တင် - ၃၄ လက်မ



ယွန်းမီ - 14

အသက် ၂ဝ
ပညာရေး - Distance Myanmar, နိုင်ငံခြားဘာသာ (ကိုရီးယား)ဒီပလိုမာ
ရည်မှန်းချက် - နိုင်ငံကိုယ်စားပြု အလှမယ်

အလေးချိန် - ၁ဝဝ ပေါင်
ရင် -၃၃ လက်မ
ခါး - ၂၃ လက်မ
တင် - ၃၆ လက်မ


ရန်ကုန်မြို့ပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့ ဆု ၆ ခု ထဲက Miss Famous ဆု ကိုတော့ ဒီ လေးဦး ရနိုင်ပါ့ဦးမလား။
Miss Famous ဆု ဆိုတာ အွန်လိုင်းကနေ တယ်လီဖုန်းကနေ သူတို့ကို မဲပေးနေကြတာ မဲအများဆုံးရသူကို ပေးမယ့်ဆု ဖြစ်ပါတယ်။
အွန်လိုင်းမှာ သူတို့ ရတဲ့ မဲတွေက အရေအတွက် မများပါ။
သူတို့ ၀င်တာနောက်ကျခြင်းကလည်း  မဲရရှိမှု နည်းပါးရခြင်း အကြောင်းရင်းတခု ဖြစ်ပါလိမ့်မယ်။

ဒါက ကြာသပတေးနေ့ အထိ သူတို့ မဲရရှိမှု အခြေအနေ ဖြစ်ပါတယ်။
(ကွင်းစကွင်းပိတ်)ထဲကမဲအရေအတွက်ကတော့ အင်္ဂါနေ့ မဲအခြေအနေပါ။ တိုးတက်မှုနှိုင်းယှဉ်လိုသူများအတွက် ဖော်ပြလိုက်ပါတယ်။

လှမြတ်သူ  ၇၀၃  (၄ဝ၆ မဲ)
ခင်ခင်ဌေး  ၇၂ (၅၇ မဲ)
ခင်မြတ်နိုးဦး  ၂၅၈ (၁၁၉ မဲ)
ယွန်းမီ ၂၆၇ (၃၂၇ မဲ)

သိကြတဲ့အတိုင်းပဲ ... ဒီ ၄ ဦး အပါအ၀င် စုစုပေါင်း မယ်စကြာဝဠာလောင်း ၂၀ တိတိ ရှိပါတယ်။
ရုရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ မယ်စကြာဝဠာပြိုင်ပွဲကို  သူတို့ထဲက တယောက် သွားရောက်ရမှာပါ။
 ဒါဟာ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံက ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်လာပါလိမ့်မယ်။
အခုတော့  မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြာဝဠာလောင်း ရွေးချယ်ဖို့ စီစဉ်သူတွေရော အလှမယ်တွေပါ အလုပ်များနေကြပါပြီ။
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved