မလေးရှားက ပြည်တော်ပြန်တွေအတွက် အဆင်သင့်ဖြစ်ပြီလား

Friday, September 13, 2013

မလေးရောက် မြန်မာအလုပ်သမားတွေ ဒီကနေ့ စတုတ္ထအကြိမ်မြောက် ပြည်တော်ပြန်လာကြပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေက မလေးရှားက မြန်မာတချို့ကို တိုက်ခိုက်သတ်ဖြတ်မှုတချို့ ဖြစ်ပွားခဲ့လို့ သေဆုံးခဲ့ ရပြီး မြန်မာတွေလည်း မလေးရှားမှာ ဆက်မနေရဲတော့တဲ့ သတင်းတွေ အားလုံး သိပြီးဖြစ်မှာပါ။ 


မလေးရှားက စတ္တုတ္ထအကြိမ်မြောက် ပြည်တော်ပြန် မြန်မာအလုပ်သမားတွေ ရန်ကုန်လေဆိပ်မှာတွေ့ရစဉ်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

မလေးရှားမှာ ဆက်ပြီး နေထိုင် အလုပ်လုပ်ရမှာ စိုးရိမ်နေသူတွေ  ပြည်တော်  ပြန်လာနိုင်ရေး အစိုးရပိုင်းနဲ့ တချို့ သူဋ္ဌေးကြီးတွေနဲ့ စေတနာရှင်တွေကလည်း အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ်။  

မလေးရှားပြန် မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံအတွင်းမှာ မလေးရှား က လုပ်အားခ ပတ်ဝန်းကျင် ရစေဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပြင်ဆင်ထားကြတယ်လို့ ဆိုတာတွေလည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ 

မလေးရှားက မြန်မာအလုပ်သမားတွေလည်း ပြန်လာဖို့တောင် ခက်ခက်ခဲခဲဖြစ်နေကြချိန်မှာ တရားမ၀င် လူဖမ်းပွဲတွေလည်း ဒီရက်ပိုင်း မလေးရှားမှာ ဆက်တိုက် လုပ်လာနေပြန်တာပါ။

အခုလို ပြန်လာတဲ့ မလေးပြန် မြန်မာအလုပ်သမားတွေအတွက် တကယ်ပဲ အဆင်သင့် ဖြစ်နေပြီး အလုပ်အကိုင်တွေ ပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။  














1 comments :

  1. Anonymous said... :

    အဲဒီလူတွေကို ၀န်ထမ်းအဖြစ်ခေါ်ချင်ရင်..ဘယ်ကိုဆက်သွယ်ရမယ်ဆိုတဲ့ နေရာကို ညွန်းပေးနိုင်ရင် အချင်းချင်းကူညီဖေးမပေးရာရောက်မယ်ထင်ပါတယ်။ လုပ်ငန်းအရ လိုအပ်နေတဲ့ နေရာတွေမှာဖြည့်ချင်ရင်တောင်မှ လုပ်ငန်းရှင် ကြီးများကသာ သူခေါ်မယ်ငါခေါ်မယ်လုပ်တာ နာမည်ရပေမယ့် လုပ်ငန်းရှင် အလတ်၊အသေးများနဲ့လည်းလုပ်လိုသူများရှိကောင်းရှိမယ်လို့ယူဆပါတယ်။ အဲဒီပြန်လာတဲ့သူတွေလည်း ငါတို့သူများနိုင်ငံမှာကြိုးစားခဲ့ရသလို ဒီမှာလည်း ဒီကလုပ်ငန်းရှင်တွေတိုးတတက်ပါစေ ဆိုတဲ့ အသိစိတ်နဲ့ လုပ်ကိုင်ပေးရင် သူတို့ အရည်အချင်းပိုတိုးတတ်သလို မြန်မာနိုင်ငံသားများအချင်းချင်းကူညီစောင့်ရှောက်ရာပိုရောက်မယ်လို့ယူဆပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved