ဦးအောင်မင်း ပြောလိုက်တာက ဒေါ်စုကြည် တဲ့

Wednesday, September 11, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအရ တူတာတွေ တွဲလုပ်ဆိုတဲ့ မူဝါဒနဲ့ ထိတွေ့ ဆက်ဆံလာကြလို့ နိုင်ငံတကာကပါ ပြုပြင်ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံလို့ ပြောနေကြတယ်။ 



တချိန်ကတော့ စစ်အစိုးရ လူကြီးတွေနဲ့ သတင်းစာတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာ မစဉ်းစားခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် နာမည်ရှေ့က အောင်ဆန်း ဆိုတဲ့ အမည်နာမကို ဖြုတ်ပြီး ဒေါ်စုကြည် လို့ ခေါ်ကြတယ်။ ရေးကြတယ်။

အဲ ဒီနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်လို့ သုံးလာကြတယ်။ အခေါ် အပြောတွေ က သူတို့ရဲ့ ဆက်ဆံရေးကို တိုင်းတာလို့ ရတာပေါ့။

တချိန်ကလည်း KNU နဲ့ အဆင်ပြေချိန်က KNU ခေါင်းဆောင်ကို  ဗိုလ်ချုပ်မြ လို့ သတင်းစာတွေ မှာ ရေးတယ်။

အဆင်လည်း မပြေရော ဗိုလ်မြ ဘာညာ စသဖြင့် ရေးပါလေရော။

အခုလည်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက အရင်ကတော့ အမကြီး ဘာညာ ပြောနေရာက ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ က UNFC နဲ့ အဆင်မပြေတဲ့ ဒုတိယ မြောက် အကြို နိုင်ငံရေး ဆွေးနွေးပွဲမှာ  နာမည်ရှေ့က အောင်ဆန်းကို ဖြုတ်ပြီး ခေါ်လိုက်ပြန်တယ်။

"ဒေါ်စုကြည်" တဲ့

ဒါဟာ မတော်တဆ မှားယွင်းမှုလား၊ ရည်ရွယ်ချက်ရှိရှိ မှားယွင်းမှုလား ဆိုတာ မသိနိုင်ပါ။

ဝေဖန်ဖို့ နဲ့ ဆင်ခြင်ဖို့ပါ။



အိမ့်သံစဉ် ~

3 comments :

  1. Anonymous said... :

    The true political reform should be from the inner heart to the skinned body but the reform of Myanmar is from external to internal.

  1. Anonymous said... :

    ဟန်ဆောင်မှုကို ဘယ်သူမှုကာရှည်ထိန်းမထားနိုင်ပါဘူး၊ စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြလာတာပဲ။ သတိထားဖို့ ပါ။

  1.ဲ့ ဒါ ဘဲ လေ အ ဖြေ က ရှင်း ပါ တယ်
    လူ ကြီး တွေ ဟာ အ ထူး သ ဖြင့် နိုင် ငံ တာ ၀န် ယူ တွေ ဟာ အ ပြေား အ ဆို ဆင် ခြင် ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved