ထိုင်းနိုင်ငံရဲ့ အငြင်းပွားဖွယ် တိရိစ္ဆာန်ဂေဟာ

Tuesday, September 10, 2013

 ~



သတင်းပုံပြင်တခု အကြောင်းပြုပြီး ၊ ပီတိဖြစ်၊ အံ့သြ ထူးဆန်းတာမျိုးနဲ့ ကြုံရဖူးပါသလား။

ပျော်စေပျက်စေလုပ်နေသူတွေက သတင်းပုံပြင်တွေ ဖန်တီးတတ်ကြပါတယ် တဲ့။

ကျားတကောင် သားပေါက်တယ်၊ သားပေါက်လေးတွေ သေကုန်တယ်၊  ကျားမိခင်ကြီး အသည်းကွဲတယ်၊ ကုစားလိုက်တဲ့နည်းက ဝက်ကလေးတွေကို ကျားဟန်ဆောင်ခိုင်းပြီး
နို့စို့ခိုင်းလိုက်တယ်၊ ဒီလိုနဲ့ ကျားမကြီး အိုကေသွားပါသတဲ့ကွယ်။

အဲဒီလို အရေးအသားမျိုးကို ဓာတ်ပုံနဲ့တကွ ဖြန့်နေကြတာပါ။

ဒါဟာ လုပ်ကြံထားတဲ့ သတင်းပုံပြင်တပုဒ်များလား???

ဖြစ်နိုင်ပါတယ်။

ထိုင်းနိုင်ငံ ပတ္တရားမြို့  အင်တာနက်သတင်းဌာန http://www.pattayamail.com/510/features.shtml#hd2 ရဲ့ သတင်းတပုဒ်မှာတော့ ဒီဓာတ်ပုံမျိုးကိုပဲ တခြားအကြောင်းအရာနဲ့ရေးထားတာ ဖတ်ရမှာပါ။
ပတ္တရားမှာရှိတဲ့ အဲဒီတိရိစ္ဆာန်ရုံမှာ ကျားလေးတွေကို ၀က်နို့စို့ခိုင်း၊ ၀က်လေးတွေကိုတော့ ကျားနို့စို့ခိုင်းတဲ့နည်းနဲ့ တိရိစ္ဆာန်ရုံလာသူပရိသတ် အံ့အားသင့်အောင် လုပ်နေတယ် လို့ ရေးထားပါတယ်။

ဧည့်သည်များက တကယ်လည်း အံ့သြကြတာပေါ့။
ကျားမွေးမြူခြင်း သားဖောက်ခြင်းလုပ်ငန်းနဲ့ ဒီ တိရိစ္ဆာန်ရုံက အောင်မြင်ပါတယ်။
အထက်ပါ တီထွင်မှုကလည်း အောင်မြင်ပါတယ်။

သဘာဝမတူသူတွေဖြစ်ပေမယ့်လည်း တချို့အခြေအနေတွေမှာ  အလုပ်ဖြစ်အောင် နေထိုင်နိုင်တဲ့သဘောကို ပြသတယ် ဆိုပါစို့။
လူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်မျှတစွာ နေထိုင်နိုင်တယ်ဆိုတဲ့သဘောပါပဲ ဆိုပြီး သင်ခန်းစာ ယူလိုက ယူနိုင်ပါတယ်။

သင်ခန်းစာ ယူနိုင်သလို အငြင်းပွားတာမျိုးလည်း ရှိနိုင်ပေတာပဲ။
ဝက်ကလေးတွေကို ဒီလို သွားထားတာမျိုးက အန္တရာယ် ရှိတယ်၊ ဘယ်အချိန် ကျားစာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူးလို့ ဆိုသူတွေလည်း ရှိမှာပါ။


 

ကျားပေါက်လေးတွေကရော လုံလောက်တဲ့ အာဟာရ ရရှိနိုင်ပါ့မလားလို့ မေးခွန်းထုတ်သံတချို့ကိုလည်း အင်တာနက်အွန်လိုင်းမှာ တွေ့ရပါတယ်။



 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved