ဓာတုကလျာ သနပ်ခါး လိမ်းခဲ့သလား

Wednesday, September 25, 2013

သနပ်ခါးလို့ ပြောလိုက်ရင် မြန်မာဆိုတာနဲ့ တွဲမြင်ကြပါလိမ့်မယ်။ တကယ်လည်း မြန်မာနဲ့ သနပ်ခါး ခွဲမရခဲ့ ပါဘူး။ မြန်မာတွေ ဘယ်အချိန်ကတည်းက သနပ်ခါး ကို လိမ်းကြတယ်ဆိုတာ အတိအကျ ဖော်ပြနိုင်တဲ့ သက်သေ သာဓက အရတော့ ဖော်ပြဖို့ အတော်ခက်မယ် ထင်ပါတယ်။ 

 ဓာတုကလျာရဲ့ သနပ်ခါး ကျောက်ပျဉ်၊ ဓာတ်ပုံ- ကိုစိုး/ဧရာဝတီ

နတ်သျှင်နောင် စွဲလမ်းခဲ့တဲ့ ဓာတုကလျာဟာ  သနပ်ခါး လိမ်းသလားလို့ တစုံတယောက် က မေးလာမယ် ဆိုရင်ဖြင့် လိမ်းတယ်လို့ ပြောနိုင်ပါတယ်။ သမိုင်းထဲက ဓာတုကလျာ မင်းသမီးနဲ့ ပတ်သက်ပြီး အထောက် အထား ပြစရာ တွေ့ခဲ့ရလို့ ပဲ ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ပဲခူးမြို့မှာရှိတဲ့ ရွှေမော်ဓော စေတီကြီးကို ရောက်ရှိ ဖူးမြော်ခဲ့ရပါတယ်။ အဲဒီ စေတီကြီး ရင်ပြင်ပေါ်က ပြ တိုက်ထဲမှာ လွန်ခဲ့တဲ့ ၁၆ ရာစုလောက်က အခု ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီ ပြည့်ရှင်မင်း ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင် ခဲ့တဲ့ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ရဲ့ သမီးတော် ရာဇဓာတုကလျာ မင်းသမီး သနပ်ခါးသွေးတဲ့ ကျောက်ပျဉ်ကို လှူဒါန်း ထားတာ တွေ့ခဲ့ရပါတယ်။ 
ရွှေမော်ဓော စေတီတော်ကြီးသို့ ရာဇဓာတုကလျာ မင်းသမီး လှူဒါန်းခဲ့သည့် ရွှေချ ကျောက်ပျဉ် သက္ကရာဇ် ၉၆၀…. စတဲ့ ကမ္ပည်း စာတန်းလည်း ရေးထားပါတယ်။ 

ဒါဆို ဓာတုကလျာနဲ့ သနပ်ခါး၊ သနပ်ခါးနဲ့ ဓာတုကလျာ ဘယ်လို ဆက်စပ်ပတ်သက်ပြီး ယနေ့ အခါ သနပ်ခါး ဘယ်လို ရှိနေတယ်ဆိုတာကို ဧရာဝတီ မြန်မာပိုင်း ပင်မ စာမျက်နှာမှာ ကိုစိုး ရေးသားတင်ပြထား တဲ့ ဓာတုကလျာနဲ့ သနပ်ခါး (http://burma.irrawaddy.org/archives/48215?)ဆိုတဲ့ ဆောင်းပါးလေးကို ဧရာဝတီ ပရိသတ်များ ဖတ်ကြည့်လိုက်ရင်.... 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved