အပြည်အပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ( မန္တလေး) က ပုံရိပ်များ

Saturday, September 21, 2013

ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အတါက် အထိမ်းအမှတ်ပွဲတော် (မန္တလေး)ကို ယနေ့  စက်တင်ဘာလ ၂၁ ရက်နေ့ တွင် မန္တလေးမြို့မြို့တော်ခန်းမမှာ နေ့လယ် ၁၂ နာရီကနေ ည ၉ နာရီထိ ကျင်းပနေပါတယ်။ 


မန္တလေးမြို့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မြင်ကွင်းတချို့၊ ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ

ဝင်ကြေးအခမဲ့ဖြစ်ပြီး အပြည်ပြည်ဆိုငရာ ငြိမ်းချမ်းရေးနေ့မှာ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကျပန်း စကားပြောပြိုင်ပွဲ၊ စာရေးဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၊ ဦးဘုန်း(ဓာတု) တို့ရဲ့ ငြိမ်းချမ်းရေးစကားသံ
တွေ၊ တိုင်းရင်းသားရိုးရာအက အလှတွေ၊ မျက်လှည့်၊ လူရွှင်တော်၊ ပြဇာတ်။ ငြိမ်းချမ်းရေး တေးဂီတ 
ဖျော်ဖြေမှူတွေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း ပြသ ဖော်ထုတ်နေကြတယ်။ 

ဘာသာ ၅ ခုက ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့လည်း ငြိမ်းချမ်းရေးဆုတောင်း လက်ဆင့်ကမ်း မီးထွန်းပွဲ တွေ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေးမြို့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး မြင်ကွင်းတွေကို တေဇလှိုင်/ဧရာဝတီက ရိုက်ကူး တင်ဆက် ထားပါတယ်။ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved