မြန်မာ့လူ့အဖွဲ့အစည်း ငြိမ်းချမ်းလှပစေရေး

Tuesday, September 3, 2013

ပန်းဥယျာဉ်တခုဟာ ပန်းတမျိုးတည်းနဲ့ လှပတင့်တယ်မှု မရှိပါဘူး။ လှပ တင့်တယ်တဲ့ ပန်းဥယျာဉ်တိုင်းဟာ ပန်းပေါင်းစုံ ပွင့်နေကြတာပါပဲ။ 

သထုံရွှေစာရံဘုရာပေါ်ရောက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ခရီးစဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း

မြန်မာပြည်အခင်းအကျင်းမှာ လှပတင့်တယ်တဲ့ လူမှု ဥယျာဉ်ကြီးဖြစ်ရေးအတွက် ကြိုးစားနေသူတွေ ရှိကြပါတယ်။ 

ရတနာမြေ လူမှု ဖွံ့ဖြိုးရေး အသင်းက စီမံမှုနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံ ဆွေးနွေး ပွဲတခုကို သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့တွေမှာ သထုံခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခမ်းမမှာ ကျင်းပခဲ့ကြောင်း ဒီကနေ့ မြန်မာ့အလင်းသတင်းစာ သတင်းတပုဒ်မှာ ဖတ်ရပါတယ်။ 

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ သက်ဆိုင်ရာဘာသာရေး ခေါင်းဆောင်တွေက အဓိကရုဏ်းတွေ
ကြောင့် နိုင်ငံသားတွေ အပေါ် သက်ရောက်တဲ့ ထိခိုက်မှုတွေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုတွေမှာ လိုအပ်ချက်တွေကို ဘာသာ အသီးသီးက အစုဖွဲ့ပြီး ဆွေးနွေးကြ၊ ရှေ့လုပ်ငန်းစဉ် ချမှတ်ကြတယ်လို့ ဆိုပါတယ်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်အသီးသီးဟာ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဒေသမှာ ရှိတဲ့ သက်ဆိုင်ရာ ဘာသာရေး ဆိုင်ရာ အထင်ကရ နေရာတွေကို သွားရောက်ကြပါတယ်။ 

အခုလို အလုပ်ရုံဆွေးနွေးပွဲမျိုး မြန်မာနိုင်ငံအနှံ မြို့ပေါင်း ၂၀ မှာ ကျင်းပသွားဖို့ ရတနာမြေ လူမှု ဖွံ့ဖြိုးရေး အသင်းက စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ မြန်မာ့လူမှုအဖွဲ့အစည်းကြီးတခုလုံး လှပတင့်တယ် ငြိမ်းချမ်းစေရေး အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ များများနဲ့ ကျယ် ကျယ်ပြန့်ပြန် လိုအပ်နေတာတော့ အမှန်ပါပဲ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved