ငြိမ်းချမ်းရေး ဂီတပွဲ ၂၀၁၃ မှသည်...

Tuesday, September 24, 2013

ငြိမ်ချမ်းရေး ဂီတပွဲ ၂၀၁၃ ( Peace Music Concert 2013) ကို စက်တင်ဘာလ ၂၃ ရက်နေ့ ညမှာ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားဇာတ်ရုံမှာ Peace Music Group က ကြီးမှုး ကျင်းပခဲ့တယ်။



ဓာတ်ပုံများ- ရွှေသံစဉ် ကိုဝင်းမော်

ပြည်တောင်စုဝန်ကြီး ဦးအောင်မင်းကလည်း တက်ရောက် အမှာစကား ပြောကြားပေးခဲ့ပါတယ်။ ဂီတပွဲစဉ်ကို ကျင်းပရခြင်းမှာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်မယ့် World Peace Day အထိမ်းအမှတ် အတွက် ပြုလုပ် ကျင်းပရခြင်း ဖြစ်ပါတယ်လို့ ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာဖော်ပြထားပါတယ်။

ကမ္ဘာအနှံ့အပြားမှာလည်း ငြိမ်းချမ်းရေးပွဲများကို ကျင်းပ ပြုလုပ်သလို မြန်မာနိုင်ငံမှာလည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအစရှိတဲ့ မြို့ကြီးတော်တော်များမှာလည်း ကျင်းပ  ပြုလုပ်ခဲ့ပါသေးတယ်။ 

အခမ်းအနားမှာ Peace Music Group မှ နယကဖြစ်တဲ့ ဦးမောင်မောင်လှနဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းမှ ဦးမင်းကိုနိုင် တို့ကလည်း အမှာ စကားများပြောကြားခဲ့ပါတယ်။ 

ကမ္ဘာကြီးမှာ နေထိုင်  ကြတဲ့ လူသားတိုင်းဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားကြပါတယ်။  ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါမှာ တစ်ဦးတစ်ယောက်တည်းနဲ့ အဖွဲ့အစည်းတခုတည်းက ဖော်ဆောင်လို့ မရနိုင် သလို အားလုံးပူပေါင်း ပါဝင်နိုင်မှသာ ရရှိနိုင်မှာဖြစ်ကြောင်းကိုလည်း သူတို့က ထည့်သွင်း ပြောကြားသွားခဲ့ကြတယ်လို့ မြန်မာ့အလင်းသတင်းစာက ရေးထားပါတယ်။ 

ငြိမ်းချမ်းရေး ဂီတပွဲမှာ တေးသံရှင် မီးမီးခဲ၊ လင်းထက်၊ စောဖိုးခွား၊ ဒယ်နီရယ်စော၊ ဇင်ဇင်ထွန်း အစရှိတဲ့  
တေးသံရှင်များကလည်း ငြိမ်းချမ်းရေး တေးသီချင်းများနဲ့ ဖျော်ဖြေပေးခဲ့ကြပါတယ်။ 


သူတို့က အခုလို အားပေးနေကြတယ်။
 
ဒီလို စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်

မီးမီးခဲရဲ့ သီချင်းဆိုနေရင်း ပါဖောမန့်




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved