NLD ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့ပြီ

Friday, September 6, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ CEC တွေ တံခါးပိတ် အစည်း အဝေး ကျင်းပခဲ့ပါတယ်။ 

အဲဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီကို ပုဂ္ဂိုလ် ၇ ဦးနဲ့ ဖွဲ့စည်းကြောင်း ယနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ 

NLD ပါတီ CEC တံခါးပိတ်အစည်းအဝေးက ပြန်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ 

NLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ မှာ ပါဝင်သူတွေကတော့ ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း ( လပွတ္တာ )၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦးတို့ ဖြစ်ကြပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဦးဥာဏ်ဝင်း လက်မှတ်ရေးထိုး ထားတဲ့ ပါတီရဲ့ ထုတ်ပြန်ချက်ကို အောက်မှာ ပူးတွဲ ဖော်ပြလိုက်ပါတယ်။ 



 အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    ဒေါ်စုက ဘာဖြစ်လို. ပြည်သူလူထုကူညီေ၇းကော်မတီတို. ၊ ဆင်းရဲနွမ်ပါးသူများကူညီရေးကော်မတီတို. ကြတော.မဖွဲ.ဘဲ အာဏာရ သမတဖြစ်ရေးကိုပဲ ဦးစားပေးလုပ်နေတာလဲ ? ဒီလောက်တောင်အာဏာရူးနေရင် အရင်ကတဲက ပြောသင်.ပါတယ် ဘာမှဝေ.လည်ချောင်ပတ်လုပ်နေစရာ ၊ အသံကောင်ဟစ်နေစရာမလိုပါဘူး ၊ နိင်ငံေ၇းသမားလုပ်ရင်နိင်ငံေ၇း စကားပြောပါ ၊ ဒီမိုကရေစီ ခေါင်းဆောင်လိုလို ၊ ပြည်သူလူထုခေါင်းဆောင်လိုလို ၊ လုပ်ပြနေစရာ မလိုပါဘူး ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved