U.S နိုင်ငံခြားရေးဌာန သံတမန် ဆုတံဆိပ် ဘယ်သူ့ကို လက်ဆောင်ပေး

Monday, September 9, 2013

ဓာတ်ပုံထဲမှာ မြင်ရတာက အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သံတမန် အမှတ်တရ တံဆိပ်တခုပါ။ 


အဲဒီ တံဆိပ်ကို အမေရိကန် ပြည်ထောင်စုရဲ့ မူးယစ်ဆေးဝါး ထိမ်းချုပ်ရေးနဲ့ တရားဥပဒေထိန်းကျောင်းရေး လက်ထောက် ၀န်ကြီး မစ္စတာ ၀ီလျံ အာရ် ဘရောင်းဖီးလ်နဲ့ ၈၈ မျိုးဆက်တို့ တွေ့ဆုံ ဆွေးနွေးမှု တခု အပြီး ၈၈ ခေါင်းဆောင်တ ဦးဖြစ်တဲ့ ဦးကိုကိုကြီးကို အဲဒီတံဆိပ် လက်ဆောင် အဖြစ်ပေးခဲ့တာပါ။ 

မြန်မာနိုင်ငံကို ရောက်နေတဲ့ ၀န်ကြီး ၀ီလျံ အာရ် ဘရောင်းဖီးလ် ဟာ စက်တင်ဘာ ၆ ရက်နေ့က ၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

“ထိုသို့ တွေ့ဆုံရာတွင် အမေရိကန် အစိုးရအနေဖြင့် မြန်မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီ အစဉ်များ ကို အပြန် အလှန် ဆွေးနွေးပြောကြားခဲ့ကြပြီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့်ပတ်သက်၍ အကြံဥာဏ်နှင့် သဘောထား မှတ်ချက်များလည်း ဖလှယ်ခဲ့ကြသည်” လို့ ဦးကိုကိုကြီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved