ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်ကိုသွား

Monday, October 14, 2013

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ တရုတ်ပြည်ကို ချစ်ကြည်ရေး ခရီး အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။ 

တရုတ်ပြည်ချစ်ကြည်ရေးခရီးစဉ်ထွက်ခွာစဉ်လိုက်ပါ ပို့ဆောင်သူများနဲ့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်- 
ဓာတ်ပုံ- ကာကွယ်ရေး ၀န်ကြီးဌာန

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဦးဆောင်တဲ့ အဖွဲ့ဟာ ချန်ဒူးလေဆိပ်ကို ရောက်စဉ်မှာ တရုတ် စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေက လာရောက်ကြိုဆိုခဲ့ပါတယ်။ 

"တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် FAO ညွှန်ကြားရေးမှူးချုပ် Major General Guan Youfei နှင့် ဇနီး၊ ချန်ဒူးစစ်ဒေသမှ ဒုတိယစစ်ဦးစီးချုပ် Major General Zhang Bin နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Xiong Shaowei ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကြီး ဗိုလ်မှူးကြီး 
အောင်ချိန်နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်" လို့ မြန်မာ့ရုပ်/သံက ကြေညာသွားပါတယ်။
 
 

အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဟုတ်ပါသလား?
    သူအသက် (၆၀)ပြည့်ရင်ပင်စင်ယူမလား ?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved