မြန်မာ-ဗီယက်နမ် ဗီဇာမဲ့ ၀င်ထွက်ကြမယ်

Saturday, October 12, 2013


မြန်မာပြည်သားတွေ ဗီယက်နမ်သွားတဲ့အခါ ဗီဇာမလိုဘဲ သွားနိုင်ပါတော့မယ်။
ဗီယက်နမ်တွေလည်း မြန်မာပြည်လာတဲ့အခါ ဗီဇာမလိုဘဲ လာနိုင်မယ်။



နှစ်နိုင်ငံအစိုးရပိုင်း အပြန်အလှန် သဘောတူလိုက်ကြတဲ့အတွက် ဗီဇာကင်းလွတ်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။
ရက်အားဖြင့်ဆိုရင် ၁၅ ရက် နေထိုင်ခွင့် ရကြပါမယ် တဲ့။
ဘယ်နေ့ကစပြီး ဒီသဘောတူညီချက် အသက်ဝင်မလဲ။
ဒီလ ၂၆ ရက်နေ့ ဖြစ်ပါတယ် တဲ့။
အင်း.... ၂၆ ရက်နေ့ မတိုင်ခင် သွားမယ် ဆိုရင်တော့ ဗီဇာ လျှောက်ကြရမယ့်သဘောပေါ့လေ။

ဒါကတော့ ... ဧရာဝတီပင်မစာမျက်နှာမှာ တွေ့ရတဲ့ Vietnam Waives Visa Requirement for Burmese Travelers ဆိုတဲ့ သတင်းဖြစ်ပါတယ်။
http://www.irrawaddy.org/burma/vietnam-waives-visa-requirement-burmese-travelers.html မှာ ဖတ်နိုင်ပါတယ်။

သတ်မှတ်ထားတာကတော့ မြန်မာတွေ ဗီယက်နမ်သွားချင်ရင် ဗီဇာကြေးက ၅၅ ဒေါ်လာ  ဖြစ်ပါတယ်။
မြန်မာပြည်ကို ဗီယက်နမ်တွေ လာချင်ရင်တော့ ဗီဇာကြေးက ဒေါ်လာ ၂၀။

ဒီအတိုင်းဆိုရင် စာရွက်စာတမ်းကိစ္စ အင်မတန် နည်းပါးသွားတာကြောင့် မြန်မာပြည်ကို ဗီယက်နမ်ခရီးသည် ပိုများများ လာကြမယ်လို့ ယူဆပါတယ်။

ပြီးတော့ ဗီယက်နမ်က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနေတာ ၂၀၁၅ ဆိုရင် ဒေါ်လာ ၁ ဘီလျံအထိ ရှိလာမယ်၊ ၂၀၂၀ ဆိုရင် ဒီထက် ၂ ဆ တိုးလာမယ်လို့ တွက်ထားပါတယ်။
အထူးသဖြင့် ဆောက်လုပ်ရေး နဲ့ ဘဏ်လုပ်ငန်းပိုင်းတွေမှာ မြှုပ်နှံမှာဖြစ်ပါတယ်။

နိုင်ငံတခုကို အလည်ပဲသွားသွား၊ အလုပ်သဘောအရပဲသွားသွား အင်မတန် အလုပ်များပါတယ်။ အလုပ်များရတဲ့အဓိကအကြောင်းရင်းများထဲမှာ ဗီဇာ ရရှိရေးလည်း ပါဝင်ပါတယ်။
ထောက်ခံစာတွေတောင်းရ၊ မိတ္တူတွေကူးရ၊ သံရုံးကို တကြိမ်မက သွားလာရတာပါ။
ဒီလို အခြေအနေမှာ မြန်မာ-ဗီယက်နမ် ဗီဇာမဲ့ ၀င်ထွက်နိုင်ကြတော့မယ် ဆိုတဲ့ သတင်းက သတင်းကောင်းတပုဒ်ပဲ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved