သံတွဲအခြေအနေ မြန်မာ့ရုပ်/သံ တင်ပြချက်

Wednesday, October 2, 2013



လတ်တလော မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ သံတွဲ မြို့က အခြေအနေကို မြန်မာ့ရုပ်မြင်သံကြားက ထိန်းသိမ်းနိုင်ပြီဖြစ်တယ်လို့ ကြေညာသွားပါတယ်။ 



 မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)


ရခိုင်ပြည်နယ် သံတွဲမြို့၌ စက်တင်ဘာလ (၂၈) ရက်တွင် ဈေးဆိုင်တစ်ဆိုင်ရှေ့တွင် သုံးဘီးဆိုင်ကယ် တစ်စီး ရပ်ထားသည်ကို ရင့်သီးစွာဆဲဆိုရာမှ အစပြု၍ ပြဿနာဖြစ်ပွားကာ စက်တင်ဘာလ (၂၉) ရက် ညပိုင်းက နေအိမ်များ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့များက သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရကြောင်း သိရသည်။ 

စက်တင်ဘာလ (၃၀) ရက် ည (၈) နာရီခန့်တွင် သံတွဲမြို့ ဒွါရ၀တီမြို့သစ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရာ ည (၉) နာရီခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ ည (၁၀) နာရီခန့်တွင် သံတွဲမြို့ ကျော်တောင် (၅) ရပ်ကွက် ၊ ပိတောက်ရွှေဝါလမ်းရှိ နေအိမ် တစ်လုံး အား မီးရှို့ခံရပြီး ည (၁၁) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ အလားတူ သံတွဲမြို့နယ် 
ကျောက်ကြီး ကျေး ရွာ၊ မန်းကျည်းချောင်းကျေးရွာတို့ကို မီးရှို့မှုအချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့၌ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

  

အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved