ဗုံးကွဲမှုများကိစ္စ တပ်မတော် ကာ/ချုပ်ရုံးက သဘောထားထုတ်ပြော

Tuesday, October 22, 2013

ဒီကနေ့ နိုင်ငံပိုင် သတင်းစာမှာ မြ၀တီကို ကိုးကားပြီး သတင်းတပုဒ်မှတော့ မကြာသေးခင်က ဗုံးကွဲမှုတွေနဲ့ ပက်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေကို ရပ်တန့်မှာ မဟုတ်ဘဲ အောင်မြင်
အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိ တယ်လို့ ဖော်ပြရေးသားထားပါတယ်။ 

 ကုန်သည်ကြီးများဟိုတယ်ဗုံးကွဲတဲ့ညက တပ်မတော်သားတွေ လုံခြုံရေးယူနေပုံ၊ ဓာတ်ပုံ- ဧရာဝတီ

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ နှောင်းနှေး
ရပ်တန့်မည် မဟုတ်၊ အောင်မြင်သည်အထိဆက်လက်ဆောင်ရွက်မည်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှာ 
အခု ပေါက်ကွဲမှုတွေကို KNU အဖွဲ့ရှိ စီးပွားရေး တာဝန်ခံတချို့ပါဝင်ပတ်သက်တာဖြစ်ပြီး KNU အဖွဲ့အစည်း နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိကြောင်း ဖော်ပြထားပါတယ်။



ဒါဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်နေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်အောင်အဖွဲ့အစည်းအတွင်း က အနည်းငယ်သော အင်အားစုတချို့က ဆောင်ရွက်တာဖြစ်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေး နိုင်ငံတော်နှင့် KNU အဖွဲ့တို့ ပူးပေါင်းဖော်ထုတ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေ ရပ်တန့်သွားမှာမဟုတ်ဘဲ အောင်မြင်အောင် ကြိုးစားမှာဖြစ်တယ် လို့ ပြောဆိုလိုက်ပြီး တပ်မတော်ဘက်က သဘောထားကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved