စက်မှုဇုံကြောင့် ဘုရားမြေ သိမ်းခံရမှာစိုး

Tuesday, October 8, 2013

မန္တလေးတိုင်းမှာ အသစ်လုပ်နေတဲ့ မြို့သာ စက်မှုဥယျာဉ် စီမံကိန်းကြောင့် ယာမြေတွေသိမ်းနေတာမှာ မကြေလည်မှုတွေ ဖြစ်နေပါတယ်။

စီမံကိန်းဝန်းကျင် ကျေးရွာတွေက ယာမြေတွေတင်သာမက အဲ့ဒီကျေးရွာတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေက ၀တ္တကမြေတွေပါ သိမ်းခံရမယ့်အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားဝတ္တကနယ်မြေ ရောင်းဝယ်ခြင်း ခွင့်မပြု၊ မကျူးကျော်ရဆိုတဲ့ ဒီလိုဆိုင်းဘုတ်တွေကို ရာဇ၀င်တောရကျောင်း ၀န်းကျင်မှာ စိုက်ထူထားတာ တွေ့ခဲ့ရပါတယ်။ (ဓာတ်ပုံ - ဇာနည်မာန်) 

အထင်ကရဖြစ်တာကတော့ ဧက ၆၀ ကျော်ရှိတဲ့ ငါန်းဇွန်မြို့နယ် အိုင်သာကျေးရွာအုပ်စုရဲ့ ရာဇ၀င်တောရကျောင်းပိုင်မြေတွေပါပဲ။

ကျောင်းပိုင်မြေတွေတင်သာမက ကျောင်းဝင်ထဲတည်ထားပြီးဖြစ်တဲ့ စေတီ၊ ကျောင်းကန်တွေအပြင်၊ တည်ဆောက်နေဆဲဖြစ်တဲ့ ဥာဏ်တော် ၁၃၅ ပေ အမြင့်ရှိတဲ့ သုမန ရပ်တော်မူ ရုပ်ပွားတော်တို့ဟာ စက်မှုဥယျာဉ် စီမံကိန်းဧရိယာထဲ ပါသွားမယ့်ကိန်းဆိုက်နေလို့ ဒေသခံ ရွာသူရွာသားတွေ စိတ်ဆင်းရဲနေကြပါတယ်။ 


ဒီအကြောင်း အပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်းရဲ့ ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

 ဧရာဝတီမြစ်ကမ်း ဆီမီးခုံ (ဒေသအခေါ် ဆမိတ်ခုံ) ဆိပ်ကမ်းကနေ ကူးလူးဆက်သွယ်မယ့် မြို့သာ စက်မှုဥယျာဉ် စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ Royal Hi-Tech Company က လုပ်နေတာပါ။

http://www.irrawaddy.org/burma/new-industrial-park-burma-draws-ire-farmers-monks.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved