ရုန်းကန်နေရတဲ့ နေ့စဉ်ထုတ် သတင်းစာများ

Tuesday, October 22, 2013

~


  သတင်းစာလိုင်စင်တွေ ရရှိပြီး ၆ လ အကြာမှာ နေ့စဉ်ထုတ် သတင်းစာများရဲ့ အနေအထား ဘယ်လို ရှိပါသလဲ။ မနည်း ကြိုးပန်းနေရပါတယ် တဲ့။



လိုင်စင် ရထားတာ ၃၁ ဦးရှိပေမယ့် တကယ်တမ်း ထုတ်ဝေဖြစ်တာ အဲဒါရဲ့ သုံးပုံ၂ပုံလောက်ပါပဲ။ 
အဲဒီထဲက  အင်ပါယာ၊  မြန်မာနယူးဝိခ် စတဲ့ သတင်းစာတွေ ရပ်သွား
တဲ့အတွက် အခုဆိုရင် ဈေးကွက်ထဲမှာ ပုဂ္ဂလိက သတင်းစာ ဆယ်စောင် ကျန်ပါတယ်။
ကြေးမုံ မြန်မာ့အလင်း စတဲ့ အစိုးရသတင်းစာတွေလည်း ပုံမှန် ထွက်နေပါတယ်။

ဒါကတော့ ဧရာဝတီသတင်းစာမျက်နှာမှာ တနင်္လာ ညနေပိုင်းက ဖော်ပြလိုက်တဲ့ In a Crowded Marketplace, Burma’s Daily Newspapers Struggle သတင်းထဲ ရေးထားတာတွေပါ။
http://www.irrawaddy.org/business/crowded-marketplace-burmas-daily-newspapers-struggle.html မှာ အကျယ်တ၀င့် ဖတ်နိုင်ပါတယ်။ ဆက်ရေးထားတာကတော့ ...

သတင်းစာလုပ်ငန်းမှာ အင်မတန်အဓိကကျတာက ကြော်ငြာရဖို့ပါ။
လတ်တလော Daily Eleven နဲ့ 7Day  ၂ စောင်က ကြော်ငြာလည်း အတော်ရ၊ စာဖတ်သူလည်း ပုံမှန်ရှိတဲ့ သတင်းစာတွေပါပဲ တဲ့။

7Day  အယ်ဒီတာ အားမာန်၊  Daily Eleven အယ်ဒီတာ ဝေဖြိုး၊ ရန်ကုန်တိုင်းမ် စီအီးအို ကိုကို တို့ရဲ့ လက်ရှိ သတင်းစာလောက အနေအထားအကြောင်း ပြောဆိုချက်တွေကိုလည်း သတင်းထဲမှာ ဖတ်ရပါမယ်။

ပုဂ္ဂလိက သတင်းစာတွေ ကြော်ငြာရဖို့ ရုန်းကန်နေရချိန်မှာ ဈေးကွက်ကို နှစ်အတော်ကြာ ဦးထားတဲ့ ကြေးမုံ၊ မြန်မာ့အလင်းတို့ကတော့ ကြော်ငြာခတွေ သောက်သောက်လဲ ရနေပါတယ်လို့ သတင်းမှာ ရေးထားပါတယ်။

(အပေါ်ပုံကတော့ မန္တလေးမြို့ စာနယ်ဇင်းဖြန့်ချိရေးလုပ်ငန်းမြင်ကွင်းတခုပါ။ တေဇလှိုင်ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်)

  • မူရင်း
  In a Crowded Marketplace, Burma’s Daily Newspapers Struggle 
http://www.irrawaddy.org/business/crowded-marketplace-burmas-daily-newspapers-struggle.html 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved