ဗုံးကိစ္စ ဘီးလင်းမှာ ဖမ်းဆီးထားသူ ၃ ဦးက ကျူးလွန်ခဲ့ကြောင်း ၀န်ခံဟုဆို

Wednesday, October 16, 2013

ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှုအပါအ၀င် ဗုံးဖောက်ခွဲမှုတွေမှာ ဖမ်းဆီးခံထားရသူ ၃ ဦး ရှိပြီး သူတို့တွေက ကျုးလွန်ခဲ့ကြောင်း ၀န်ခံတယ်ဆိုပြီး ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောတယ် လို့ ဆိုပါတယ်။ 

 ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲအပြီး မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ

“ထရိတ်ဒါးစ်အပါအ၀င် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့ပါပြီ။ သူ တို့တွေကို စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှုတိုင်းမှာ သူတို့ ၃ ဦးပါဝင်ပတ်သက်တယ် လို့ ၀န်ခံလိုက်ပါပြီ” လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေ ပြောတာကို ကိုးကားပြီး ယနေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ် က ဖော်ပြထားပါတယ်။ 

အခုလို ဗုံးကွဲမှုတွေအတွက် သံသယရှိသူတွေက ၀န်ခံလိုက်တယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ စစ်မေးသူတွေက လုပ်ခဲ့လဲ ဆိုတာ သေချာ မသိရသေးပေမယ့် အရင်တုန်းက မှားယွင်း ဖမ်းဆီးထောင်ချ အပစ်ပေးခဲ့တာမျိုး သာဓက ရှိခဲ့ဖူးတာ ကြောင့် မေးခွန်းထုတ်နေသူတွေလည်းရှိပါတယ်။ 

ဗုံးဖောက်ခွဲတရားခံ အဖြစ် မှားယွင်းစွာ အပြစ်ပေးအရေးယူတဲ့ ဖြစ်ရပ်မျိုး စစ်အစိုးရများအလွန် အရပ်သား အစိုးရ အသွင်ပြောင်းဖို့ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ 

အခု ပေါက်ကွဲမှုတွေကို ကျူးလွန်ကြသူတွေဟာ အစီအမံကြီးကြီးနဲ့ စနစ်တကျ ကျူးလွန်ခဲ့ကြတာဖြစ်တယ် လို့ သုံးသပ် သူတွေများပါတယ်။ 

တရားခံ အစစ်ကို ပေါ်ပေါက်ရေး အစိုးရမှာ တာဝန်ရှိသလို၊ ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်ရေးကလည်း အရေးကြီး ပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved