သက်မွန်မြင့်က သူ့ဖေ့စ်ဘုတ်အတွက် ဘာတွေ ပြောထားလဲ

Wednesday, October 2, 2013

သက်မွန်မြင့်က သူ သုံးနေတဲ့ ကိုယ်ပိုင် face book account ကနေ  သူချစ်တဲ့ ပရိတ်သတ်တွေထဲက တချို့ကို ရိုင်းစိုင်းတဲ့ သုံးနှုန်းမှုတွေ မသုံးဖို့ အသိပေးထားပါတယ်။ 

ဓာတ်ပုံ- Thet Mon Myint's facebook

“သက်မွန်က ဒီ Page ကို ချစ်တဲ့ပရိတ်တွေနဲ့ အမြဲထိတွေနေဖို့၊ သက်မွန်ကို ပရိတ်သတ်တွေ ဖြစ်စေချင် တာသက်မွန်လိုအပ်နေတာတွေ သိဖို့၊ သက်မွန်ရဲ့ activities တွေ ပရိတ်တွေကို ဝေမျှချင်လို့ Admin တွေရဲ့ အကူအညီနဲ့ ကြိုးစားပြီးဒီ page ကို run နေတာပါ။ 

အဲဒီအတွက် လိုအပ်တာကို ဝေဖန်အကြံပြုတာမျိုးမဟုတ်ပဲ ရိုင်းတဲ့စကားလုံးတွေနဲ့ comment ပေးတာ မျိုးတွေ မလုပ်ဖို့ တောင်းပန်ချင်ပါတယ်။ သက်မွန်က စိတ်မာတယ် မာနကြီးတယ်ထင်ရပေမယ့် ဝမ်းနည်း လွယ် ခံစားလွယ်လွန်းတဲ့လူတစ်ယောက်ပါ။ 

အနုပညာအလုပ်ဆိုတာကလည်း လွယ်မယောင်နဲ့ ဖြတ်သန်းရတာ ခက်ခဲကြမ်းတမ်းပါတယ်။ အဲဒီတွက် comment တွေဖတ်ပြီး အားရှိချင်ပါတယ်။ နာကျင်မှုတွေ မလိုချင်ပါဘူး။ 

သက်မွန်ကိုချစ်တဲ့သူတွေကိုလည်း မခံစားစေချင်ပါဘူး။ မချစ်လို့ပြောချင်ရင်တောင် ရိုင်းစိုင်းလွန်းတဲ့စကား 
တွေ မသုံးပါနဲ့။ သက်မွန် အနူးအညွတ်တောင်းပန်ပါတယ်ရှင်” လို့ သူ ချစ်တဲ့ ပရိတ်သတ်တွေ အတွက် 
ရေးသားထားတာပါ။ 


အိမ့်သံစဉ် ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved