၈၈ ခေါင်းဆောင် ဦးမင်းကိုနိုင် တောင်ကိုရီးယားကို ရောက်

Sunday, October 20, 2013

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင် ဟာ  
တောင်ကိုရီးယားနိုင်ငံကို ယနေ့ မနက်ပိုင်းက ရောက်ရှိကြောင်း သိရပါတယ်။ 

 ညီလာခံတက်ရောက်ကြမယ့် သူများနဲ့ အတူတွေ့ရတဲ့ ဦးမင်းကိုနိုင်၊ ဓာတ်ပုံ- ဦးစိုးအောင်

သူ့ရဲ့ ၅၁ နှစ်ပြည့် မွေးနေ့အပြီး အောက်တိုဘာလ ၁၉ ရက်နေ့ က တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ အာရှဒီမိုကရေစီ ကွန်ရက် ညီလာခံကို တက်ရောက်ဖို့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဒီညီလာခံမှာ မြန်မာနိုင်ငံက အခြား အဖွဲ့အစည်းကသူတွေလည်း တက်ရောက်ကြမှာဖြစ်သလို ဦးမင်းကိုနိုင် အနေနဲ့ ဒုတိယမြောက် တောင်ကိုရီးယား နိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved