မိုးစက်ဝိုင် ကိစ္စ အာဆီယံ မယ် အိရူပါဝင်း စာထုတ်

Saturday, October 12, 2013

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံ မော်စကို မြို့မှာ လာမယ့် နိုဝင် ဘာ လ ၉ ရက်နေ့ ကျင်းပမယ့် မယ်စင်္ကြာဝဠာပြိုင်ပွဲကို တရားဝင် သွားရောက်ယှဉ်ပြိုင် ရပါတော့မယ်။  


မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး တချိန်က အာဆီယံ မယ် ဆုရှင် အိရူပါဝင်းက စာထုတ်ပြန်လိုက်တာကို Miss Universe Myanmar ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ထပ်မံ
ဖော်ပြထားပါတယ်။ 

အပြည့်အစုံကတော့ ... 

 အာဆီယံမယ် အိရူပါဝင်းတို့ ဇနီးမောင်နှံ- ဓာတ်ပုံ- Ei Yupar Win

ကျွန်မ မြန်မာပြည်မှမွေးပြီး မြန်မာပြည်မှ ကြီးပါတယ်။ အဖေဘက်က အဘိုးနဲ့ အဘွားက တရုတ်စစ်စစ်ပါ။ အမေဘက်က အဘိုးက တရုတ်သွေးများပြီး ပြင်သစ်တစ်မတ်ဖိုးလောက်စပ်ပါတယ်။ 


အဘွားကတော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူစစ်စစ်ပါ။ အဲဒီဘိုးဘွားလက်ထက်ကစလို့ မြန်မာပြည်မှာ အခြေချခဲ့တာပါ။ 

ဥပဒေတွေကြောင့် မြန်မာပြည်ရောက် တတိယမျိုးဆက်ဖြစ်လင့်ကစား ဧည့်နိုင်ငံသား ကဒ်ကိုပဲ ကိုင်
ဆောင် ခွင့်ရခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ လူမျိုးကိုမေးလာရင်တော့ တရုတ်-ကရင်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။
   
မြန်မာပြည်ပမှာတော့ ဘယ်သူလာမေးမေး မြန်မာနိုင်ငံက မြန်မာနိုင်ငံသားပါလို့ ဝင့်ကြွားဂုဏ်ယူ စွာ မိတ် ဆက်ပါတယ်။ 

 မျိုးရိုးဇာတိအရ ကျွန်မရဲ့ အဘိုးက တယုတယနဲ့ မှည့်ပေးခဲ့တဲ့ Yang Bao Ling (楊寶玲) ဆိုတဲ့ တရုတ်နာမည်လည်းရှိပါတယ်။ 

ဒါပေမယ့် အမေရိကန်မှာ ပညာသင်နေတဲ့ကာလတလျှောက်လုံး မြန်မာနာမည်ကိုပဲ စွဲစွဲမြဲမြဲသုံးပါတယ်။ ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာ စိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။ 

အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။ သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။ 

သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထည့်ထားပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင် ဖို့ပဲ လိုပါတယ်။ ကျွန်မတို့တတွေ သူ့ကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ့အပေါ်မှာ ယုံကြည်ချက်လေး ထားပြီး လိုအပ်ချက်တွေကို အပြုသဘော ဝိုင်းဝန်းထောက်ပြပေးရင်း တိုင်းပြည်တာဝန်ကို တက်ကြွ ရွှင်လန်း ဂုဏ်ယူစွာ ထမ်းဆောင်ခွင့် ပေးစေချင်ပါတယ်။

 ပြိုင်ပွဲဝင်တိုင်းအတွက် စိတ်ဓာတ်ရေးရာ ခိုင်မာဖို့ အများကြီးအရေးကြီးပါတယ်။ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို တရားဝင် လက်ဝယ်ရထားပြီးဖြစ်တဲ့ မိုးစက်ဝိုင်အပေါ်မှာ မေတ္တာထားပြီး တတ်နိုင်သလောက် အားပေး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်ရှင်။

 ( အိရုပါဝင်း)

1 comments :

  1. Anonymous said... :

    What's the point?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved