HTC Desire 600c စမတ်ဖုန်းအသစ်မှာ ဘာတွေပါသလဲ

Sunday, October 13, 2013


~
HTC Desire 600c ဆိုတဲ့ စမတ်ဖုန်းအသစ်မှာ ဘာတွေပါသလဲ။
မူရင်းကြော်ငြာမှာ တွေ့ရတာတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 


၉ ရက်နေ့က ရန်ကုန်မြို့ မိတ်ဆက်ပွဲမှာ
HTC စမတ်ဖုန်းအသစ်တွေနဲ့ တွေ့ရတဲ့မော်ဒယ်နှစ်ဦး (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

ဒါဟာ ဂိမ်းဆော့လိုသူများအတွက် အဆင်ပြေအောင် လုပ်ထားတဲ့ စမတ်ဖုန်းလို့  HTC က အခိုင်အမာ ဆိုပါတယ်။ 
 


 
၉ ရက်နေ့က ရန်ကုန်မှာ ဒီပစ္စည်းသစ်ကို မိတ်ဆက်ပါတယ်။
မိတ်ဆက်ပွဲမှာ HTC စမတ်ဖုန်းကုမဏီအရာရှိတယောက်က ဧရာဝတီကို အခုလို ပြောပြပါတယ်။
လာမယ့်နှစ် မြန်မာပြည်က တယ်လီဖုန်းပိုင်းဆိုင်ရာမှာ မြန်မြန်ဆန်ဆန် တိုးတက်လာတော့မှာပါ။
ခုချိန်မှာ ဆင်မ်ကတ်တွေ ဆိုတာ တော်တော်လေးကို အကန့်အသတ်နဲ့ပဲ ရှိတာကြောင့် လာမယ့်နှစ် ဆိုရင် အလားအလာက အင်မတန်ကောင်းမယ်လို့ ကျနော်တို့ ယူဆပါတယ်။
ကျနော်တို့ လာမယ့်နှစ်ဆိုရင် ဈေးကွက်ဝေစု ခပ်များများလေး ရနိုင်ပါတယ်။

HTC ပစ်မှတ်ထားတာက လူငယ်တွေပါ။ မြန်မာပြည်မှာ စမတ်ဖုန်းသုံးသူတွေရဲ့ သုံးပုံနှစ်ပုံက လူငယ်တွေပါပဲ တဲ့။
ပြီးတော့ ၁ နှစ်၊ ၂ နှစ် အတွင်း မြန်မာပြည် တယ်လီဖုန်းအသုံးပြုမှုဟာ ထိုင်း၊ စင်္ကာပူတို့လို ဖြစ်လာပါလိမ့်မယ် လို့ HTC က ယူဆနေတာပါ။

ဒါကတော့ ကျော်ဆုမွန် ရေးသားတဲ့  HTC Sets Out Stall in Burma’s Telecoms Market ဆိုတဲ့ သတင်းက အချက်အလက်တချို့ပါ။ အပြည့်အစုံကို http://www.irrawaddy.org/business/htc-sets-stall-burmas-telecoms-market.html မှာ ဖတ်နိုင်ပါတယ်။

မြန်မာပြည်မှာ GSM နဲ့ CDMA ဆင်မ်ကတ်တွေ သုံးပါတယ်။
CDMA အတွက် ဟန်းဆက် လိုက်ဝယ်မယ်ဆိုရင် ရွေးစရာ အများကြီးမရှိပါဘူး။ ဟန်းဆက် အများစုက GSM ပဲ ထည့်သုံးနိုင်တာပါ။
HTC ဟန်းဆက်များကတော့ ကတ်နှစ်မျိုးစလုံး ထည့်သုံးနိုင်ပါတယ် တဲ့။


 

 ဆက်စပ်










.



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved