ဂုဏ်ရည်အေးကျော်၊ Miss International နဲ့ ကချင်ရိုးရာဝတ်စုံ

Sunday, October 27, 2013



Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်က သူသွားရောက် ယှဉ်ပြိုင်မယ့် Miss International 2013 ပွဲရဲ့ အမျိုးသားဝတ်စုံနဲ့ ပြိုင်ပွဲကဏ္ဍမှာ ကချင်တိုင်းရင်းသား ၀တ်စုံကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။ 

 Miss Myanmar ဂုဏ်ရည်အေးကျော် (ဓာတ်ပုံ – ဂုဏ်ရည်အေးကျော် facebook မှ)

ဘာကြောင့်များ အမျိုးသား ဝတ်စုံဝတ်ဆင်ရမယ့် ပြိုင်ပွဲရဲ့ကဏ္ဍမှာ ကချင်ဝတ်စုံ အသုံးပြုမှာလည်းဆိုတာ ဧရာဝတီ မြန်မာပိုင်း အနုပညာကဏ္ဍ သတင်းတပုဒ်မှာ မစပ်စုက Miss International ပြိုင်ပွဲမှာ ဂုဏ်ရည်အေးကျော်က ကချင် ဝတ်စုံနဲ့ ဘာကြောင့် ယှဉ်ပြိုင်မှာလဲ (http://burma.irrawaddy.org/entertainment/2013/10/25/50087.html) ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှာ အပြည့်အစုံဖော်ပြထားပါ တယ်။ 

ကချင်ပြည်နယ်နဲ့ လူမျိုးတွေဟာ မြန်မာနိုင်ငံ ရဲ့ အသွေးအသားထဲက တခု အပါအ၀င်ပါ ဆိုတာကို သက်သေပြချင်တဲ့ အနေနဲ့ ပါဝင်တယ်ဆိုတဲ့ ဂုဏ်ရည်ဝင့်ကျော် ဘာတွေ ပြောထားသလဲဆိုတာ စိတ်ဝင် စားစရာပါ။့ 

မန္တလေးသူ ဖြစ်တဲ့ ဂုဏ်ရည်အေးကျော် သွားရောက်ယှဉ်ပြိုင်မယ့် Miss International 2013 ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကျရင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတော့မှာပါ။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved