နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနဲ့ ဂုဏ်ရည်အေးကျော်တို့ရဲ့ ကထိန်ကုသိုလ်

Sunday, November 17, 2013


မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနဲ့ ဂုဏ်ရည်အေးကျော်တို့ရဲ့ ကထိန်အလှူနဲ့ ပတ်သက်လို့ နန်းခင်ဇေယျာ ပြောပြထားတာပါ။ 

ဓာတ်ပုံ- ကိုကျော်ဟိန်း။ နာရေးကူညီမှုအသင်း(ရန်ကုန်) ပြန်ကြားရေးဌာန

မင်္ဂလာပါရှင် ... 

၁၆.၁၁.၂ဝ၁၃ ရက်နေ့ တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ကထိန်အလှူကိုပြုလုပ်ခဲ့ ပါတယ်။ နန်းခင် အလုပ်တွေ များနေတာကြောင့် ပဒေသာပင်အလှူမှာပဲ ကုသိုလ်ပါဝင်ဖြစ်ခဲ့ပါတယ်။ 

အခု ဓာတ်ပုံထဲမှာပါဝင်တဲ့ ပဒေသာပင်က နန်းခင် နဲ့အတူ ခင်ဝင့်ဝါ ၊ ဂုဏ်ရည်အေးကျော် ၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပြန်ကြားရေးဌာနက ညီအစ်ကို မောင်နှမများတွေ စုပေါင်းပြီးတော့ ကထိန်အတွက် လှူဒါန်းဖြစ်တဲ့ ပဒေသာပင်လေးတစ်ခုဖြစ်ပါတယ်ရှင်။ 


ကထိန်နေ့မှာ ကထိန်လျာ သင်္ကန်းကိုတော့ ဝဋ်ကြွေးတော်ပြေ ကျောင်းတိုက်ကို ဆက်ကပ်လှူဒါန်းခဲ့ပါ တယ်။ ပဒေသာပင် တွေကိုတော့ ကျောင်းတိုက် (၆) ခု ကို မဲနှိုက်ပြီးတော့ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ 

နန်းခင် တို့စုပေါင်း လှူဒါန်းထားတဲ့ ပဒေသာပင် အမှတ် (၁၈) ကိုတော့ သိရီမင်္ဂလာမဟာစည် ရိပ်သာ 
ကျောင်းတိုက်၊ တွံတေးဆရာတော် အရှင်ဣန္ဒက ထံသို့ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ ပဒေသာပင် စုစုပေါင်း တန်ဖိုးကတော့ ၂၁၅၉ဝဝိ/- (နှစ်သိန်းတစ်သောင်းငါးထောင်ကိုးရာ) ကျပ်တိတိ ဖြစ်ပါတယ်။ 

နန်းခင်ချစ်တဲ့ ၊ နန်းခင်ကိုချစ်တဲ့ မိဘညီအစ်ကိုမောင်နှမများ နှင့်တကွ ၃၁ ဘုံတွင်ကျင်လည်လျှက်ရှိကြ ကုန်သော သုခိတ ဒုက္ခိတ ဝေနေယျ သတ္တဝါအားလုံးတို့အား လှူဒါန်းမှု အစုစုတို့အတွက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်စေရန် Facebook စာမျက်နှာထက်မှ ကုသိုလ်မျှဝေလိုက်ပါတယ်ရှင် ….။ 



(ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူပါ ….. သာဓု သာဓု သာဓု ) 

(ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူပါ ….. သာဓု သာဓု သာဓု ) 

(ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူပါ ….. သာဓု သာဓု သာဓု ) 

<<< အခုလို ဓာတ်ပုံတွေကို ပေးပို့ပေးပါသော နာရေးကူညီမှုအသင်း(ရန်ကုန်) ပြန်ကြားရေးဌာနမှ ကိုကျော်ဟိန်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..။ >>> 

နန်းခင်ဇေယျာ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved