မယ်စကြာဝဠာ နဲ့ ပြိုင်ပွဲ ဒိုင်လူကြီးများ

Sunday, November 17, 2013


~



   မယ်စကြာဝဠာသရဖူဆောင်းသွားသူနဲ့ အမှတ်တရ ဓာတ်ပုံ အရိုက်ခံနေတဲ့ ပြိုင်ပွဲ ဒိုင်လူကြီးများ ဖြစ်ပါတယ်။

ဒိုင်တွေက ဘယ်သူတွေလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒိုင်လူကြီးတွေအကြောင်း လေ့လာထားမယ်၊ သူတို့အကြိုက် ကြိုသိထားမယ်ဆိုရင် သရဖူ ရရှိရေးအတွက် အထောက်အကူ ဖြစ်နိုင်မလား။
သူတို့အကြိုက်နဲ့ အံဝင်ခွင်ကျဖွယ်အလှမယ်ကို ရွေးပြီး ပြိုင်ပွဲကို လွှတ်လိုက်ရင် သရဖူ ရနိုင်မလား။

ဒါတွေက စဉ်းစားစရာ ဖြစ်ပါတယ်။

ဒိုင်တွေက ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးတွေလဲ၊ သူတို့က အကြိုက်ချင်း တူကြသလား၊ ဘယ်လို အသားအရည် အရပ်အမောင်း ကိုယ်လုံး အနေအထားကို ကြိုက်ကြသလဲ ဆိုတာတွေကလည်း မေးစရာပါပဲ။ ဒိုင်လူကြီးတွေက ဆံပင် ရွှေရောင်ကြိုက်တာလား၊ အမည်းရောင်ကို ဘယ်လို သဘောထားသလဲ ဆိုတာကလည်း သိထားတာ မမှားပါဘူး။
အထက်ပါ ဒိုင်လူကြီးများပုံကို မယ်စကြာဝဠာဖေ့စ်ဘုတ်ကနေ ကူးယူပါတယ်။ ပုံနဲ့ ပတ်သက်ပြီး The #MissUniverse judges gather at the end of the show to congratulate Gabriela Isler on taking the crown! Thanks @fashiontomax for this great pic!  လို့ ရေးထားပါတယ်။ ပြိုင်ပွဲအပြီး သရဖူဆွတ်ခူးနိုင်သူကို ဒိုင်လူကြီးများ သွားရောက် ဂုဏ်ပြုနေတာပါ။ 

ပြိုင်ပွဲတွေမှာ ဒိုင်လူကြီးတာဝန်ယူရတာ အင်မတန် ဝေဖန်ခံရဖွယ်ရှိပါတယ်။
ပြီးသွားတဲ့ မယ်စကြာဝဠာပွဲမှာလည်း ရှိတာပါပဲ။
ဘယ်သူကတော့ သရဖူ ဆောင်းသင့်တယ်၊ ဘယ်သူကတော့ ဘယ်ဆုနဲ့ မထိုက်တန်ဘူး စသဖြင့်ပေါ့။
ဒိုင်လူကြီးတယောက်က ဗင်နီဇွဲလားသူကို တပ်မက်လွန်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး အမှတ်များများပေးတယ်လို့ ပရိသတ်တယောက်က မကျေမနပ် ထောက်ပြထားတာလည်း အွန်လိုင်းမှာ ဖတ်လိုက်ရပါတယ်။ သူ့ထောက်ပြချက် မှန် မမှန် သိဖို့ကတော့ ရုပ်သံ ပြန်ကြည့်မှပဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ပြိုင်ဘက်ပေါင်း ၈ဝ ကျော်ကို အနိုင်ရဖို့ ဆိုတာ မလွယ်ကူသလို၊ ပြိုင်ပွဲဝင် အလှအပ ၈၀ ကျော်ထဲက တယောက်ကို ရွေးထုတ်ဖို့ ဆိုတာကလည်း ဘယ်သူ့အတွက်မဆို ခက်ခဲမှာကတော့ သေချာနေပါတယ်။  

 

.
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved