ကထိန်အလှူ ကူညီကြလို့ အဓမ္မခိုင်းစေမှု ခံလိုက်ရ

Tuesday, November 19, 2013

မြန်မာနိုင်ငံမှာ ဒီကာလက ကထိန်ကာလဖြစ်ပါတယ်။ ကထိန်အလှူအတွက် ဝိုင်းဝန်းကူညီလုပ်ပေးရင်း Sound Box ဖွင့်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်က ကထိန် အလှူရှင် အမျိုးသမီးကြီးနဲ့ လူငယ်တွေ စုစုပေါင်း ၉ ဦးကို လူစုဖွဲ့၍ ဥပဒေ ဆန့်ကျင်ဆိုတဲ့ ခေါင်းစဉ်နဲ့ အရေးယူအပြစ်ပေးလိုက်တာကို မကျေနပ် တဲ့ ဒေသခံတွေက စာတစောင်ပေးပို့ထားပါတယ်။ 

 ကထိန်အလှူ ကူညီခဲ့တဲ့ တိုက်ကြီးက လူငယ်တွေ အခုလို အဓမ္မစေခိုင်းခံနေရ

ဒေသခံတွေက မကျေနပ်ပေမယ့် သက်ဆိုင်ရာကို တိုင်ရမှာလည်း ကြောက်ရွံ့ရပါတယ်တဲ့။ 

ဒေသခံ ဒေါ်တင်ဌေးက ဧရာဝတီကိုပြောတာမှာ အခု မတရားသဖြင့် အရေးယူအပြစ်ပေးလိုက်တာက အဓမ္မစေခိုင်းမှုဖြစ်နေပြီး ကျေးရွာ ဥက္ကဋ္ဌကလည်း သူ့အဖေက NLD ပါတီက ဖြစ်နေလို့ ရဲတိုင်၊ ရုံးတိုင် အမှုဖွင့်ဆိုရင် ပိုပြီး အမှုပွေမှာစိုးရိမ်တယ်လို့ ပြောပါတယ်။ 


ဖြစ်စဉ်အသေးစိပ်ကို ဒေသခံတွေကို အခုလို စာနဲ့ရေးသား ဖော်ပြထားပါတယ်။ 


တိုက်ကြီးမြို့နယ်၊ စပါးကိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ကျေးရွာလူငယ်များအပေါ် မလျော်သြဇာသုံး၍ အဓမ္မလုပ်အားခိုင်းစေမှု ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ စပါးကိုင်းကျေးရွာအုပ်စု၊ စပါးကိုင်းကျေး ရွာနေ အိမ်ရှင် ဒေါ်နုခင်(သီရိစန္ဒာတောရကျောင်း၊ ဦးသုမန၏မယ်တော်) နေအိမ် တွင် ကထိန်ပွဲ အတွက် ပဒေသာပင်ပြုလုပ်ရန် လူငယ်များအား ဒေါ်နုခင် ၏ သမီးဖြစ်သူ ဒေါ်ညွှန့််ညွှန့်ရင် မှ အကူညီတောင်းကာ (၁၃-၁၁-၂၀၁၃)တွင် မိမိ၏နေအိမ်တွင် ပဒေသာပင်ပြုလုပ်ပေးကြပါရန် (၁၀-၁၁-၂၀၁၃)နေ့က မှာထားခဲ့ ပါ သည်။ 

ဒေါ်ညွှန့်ညွှန့်ရင်မှာ (၁၁-၁၁-၂၀၁၃) နေ့မှကြိုတင်ပြီး ဘုန်ကြီးကျောင်းသို့သွားရောက်ခဲ့ပါသည်။ ကထိန်ြ
ပြုလုပ်မည့် ဘုန်းကြီးကျောင်းမှာ တိုက်ကြီးမြို့၊ မင်္ဂလာ(၈) ရပ်ကွက်အပိုင် သီရီစန္ဒတောရကျောင်း ဖြစ်ပါ သည်။ 

ပဒေသာပင်ပြင်ဆင်ပြုလုပ်သည့်ည (၁၃-၁၁-၂၀၁၃) တွင်လည်း ကျောင်းဝေယျာဝစ္စအတွက် ဘုန်းကြီး
ကျောင်းမှာပင် ရှိနေခဲ့ပါသည်။ 

ထိုနေ့ညတွင် ထိုညွှန့်ညွှန့်ရင် မှာထားသော လူငယ်များက ပဒေသာပင်ပြင်ဆင်ရင်း ဆောင်းဘောက်ဖြင့် သီချင်းဆိုခဲ့ပါသည်။ (လူငယ်များသည် နေ့ခင်းပိုင်းတွင် စပါးများ ရိတ်သိမ်းချွေလှေ့ နေသဖြင့် မအားလပ်
သောကြောင့် ညပိုင်းတွင် ပြုလုပ်ရခြင်းဖြစ်ပါသည်။) 

အရက်သောက်စားခြင်း လုံးဝမရှိ၊ ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်အောင် ဆူပူအော်ဟစ်ခြင်း လုံးဝ မရှိ ဘဲ ပျော်ရွင်အေးချမ်းစွာဖြင့် ပဒေသာပင်ပြီးစီးအောင်ဆောင်ရွက်ခဲ့ပါသည်။ 

(၁၄-၁၁-၂၀၁၃) ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်၍ နေအိမ်မှထွက်ခွာကာ သီရိစန္ဒာတောရ 
ကျောင်းသို့ ပဒေသာပင်ကိုလည်း ပို့ဆောင်ခဲ့ပါသည်။ 

(၁၅-၁၁-၂၀၁၃) ရက်နေ့ ညနေပိုင်းတွင် စပါးကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင် မှ ဒေါ်နုခင် (ဒေါ်ညွှန့်ညွှန့်ရင်၏မိခင်) အား “မိမိအိမ်တွင် လူစုဖွဲ့ပြီး ဥပဒေကိုဆန့်ကျင်သည့်ကိစ္စ” ဟု ခေါင်းစဉ်တပ်ပြီး အကြောင်းကြာစာပို့ခဲ့ပါသည်။ 

လူငယ်များအိမ်သို့လည်း “လူစုဖွဲ့၍ ဥပဒေဆန့်ကျင်သည့်ကိစ္စ” ဟု ခေါင်းစဉ်တပ်ကာ အကြောင်းကြားစာ ကို သူကိုယ်တိုင် ဆိုင်ကယ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပို့ခဲ့သည်။ 

ဒေါ်နုခင် အပါအ၀င် လူငယ်(၉)ဦး အားလုံးသို့ အကြောင်းကြားစာ ပိုခဲ့သည်။ 

ထိုစာကိုရရှိသော လူငယ်များက အကြောင်းကြားစာ ခေါင်းစဉ်ဖတ်ပြီး စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ခဲ့ပါ သည်။ 

ဒေါ်ညွှန့်ညွှန့်ရင်က အကြောင်းကြားစာနှင့်အတူ (၁၆-၁၁-၂၀၁၃) နေ့တွင် အဖြူရောင် စာကြည့်တိုက် သို့သွားေ၇ာက်ကာ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပါည်။ လူငယ်(၉)ယောက်လည်း ဒေါ်ညွှန့်ညွှန့်ရင်နှင့်အတူ လိုက်ပါသွားခဲ့ပါသည်။ 


ဒေါ်ညွှန့်ညွှန့်ရင်မှာ မိခင် ဒေါ်နုရင် မသွားရောက်နိုင်၍ သူက သွားရောက်ခြင်းဖြစ်ပါသည်။ 
ဒေါ်ညွှန့်ညွှန်ရင်နှင့် အတူ လူငယ်(၉)ယောက်လည်း သွားရောက်ခဲ့ပါသည်။ 

အုပ်ချုပ်ရးမှူး က ဒေါ်ညွှန့်ညွှန့်ရင်အား အသံချဲ့စက် ကို ဘာဖြစ်လို့ အချိန်လွန်အောင်ဘာကြောင့် ဖွင့်တာ လဲ၊ (အမှန်မှာ အသံချဲ့စက်မဟုတ်၊ ဆောင်းဘောက်သာဖြစ်သည်) ကျနော်တို့ကို ဘယ်လိုမြင်လို့ဖွင့် တာလဲ၊ ကျနော်တို့ကို မကျေနပ်လို့လား ဟု မေးမြန်းပြောဆိုခဲ့ပါသည်။ 

ဒေါ်ညွှန့်ညွှန့်ရင်မှာ ကျေးရွာလူကြီးအပေါ် ဘယ်လိုသဘောထားမျိုးမှမရှိပါ၊ ဘုန်းကြီးကျောင်းကို ပဒေသာပင် ပို့ဖို့အတွက်သာပဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးတွေက မသိတဲ့အတွက် ပဒေသာပင် ပြီးစီးသည်အချိန်(ည ၁၁ နာရီအထိ) ပြုလုပ်ခဲ့ရာ အချိန်ကျော်လွန်သွားတာကိုလည်း တောင်းပန်ကြောင်း 
ပြောဆိုခဲ့ပါသည်။ 

အုပ်ချုပ်ရေးမှူးက ဘာသာရေးနှင့် ဥပဒေဘာမှမဆိုင်ဘူး ဟု ပြောဆိုပြီး အပြစ်ပေးမည်ဟု ပြောခဲ့ပါသည်။ အပြစ်ပေးသည့်အနေဖြင့် စာကြည့်တိုက်ရှေ့ကနေ အုပ်ချုပ်ရေးမှူးအိမ်(ရုံး) သို့သွားသော လမ်းတံတား အထိ လမ်းဘေးနှစ်ဖက်ဘောင်တွင်ရှိသော မြက်များကို ရှင်းလင်းပေးရမည်ဟု ပြောဆိုခဲ့ ပါသည်။ 

မြက်ရှင်းပါမည်ဟုဆိုသည့် ကတိစာကိုလည်း လက်မှတ်ထိုးခိုင်းခဲ့သဖြင့် လက်မှတ်ရေးထိုးခဲ့ပါ သည်။ 

ဒေါ်ညွှန့်ညွှန့်ရင်နှင့် ကျေးရွာလူငယ်များမှ ထိုကိစ္စအပေါ် လုံးဝကျေနပ်ခြင်းမရှိပါ။ မိမိတို့ပြုလုပ်သောပွဲ သည် ဘာသာရေးပွဲ တစ်ခုသာ ဖြစ်ပါသည်။ 

ကထိန်ပွဲအတွက် ဒေါ်ညွှန့်ညွှန့်ရင်အိမ်တွင် တောရွာဓလေ့ထုံးစံအတိုင်း ၀ိုင်းဝန်ကူညီလုပ်ဆောင်ခြင်း သာဖြစ်ပါသည်။ ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက် လုံးဝ မဖြစ်စေခဲ့ပါ။ ပတ်ဝန်းကျင်မှလည်း အုပ်ချုပ်ရေးမှူးအား တိုင်ကြားခြင်းမရှိပါ။ အုပ်ချုပ်ရေးမှူး စွပ်စွဲသလို လူစုဖွဲ့၍ ဥပဒေဆန့်ကျင်သည့် လုပ်ရပ် လုံးဝ (လုံးဝ) မဟုတ်ပါ။ 

အခြား မည်သည့်ရည်ရွယ်ချက်၊ မည့်သည့်အကြောင်းများ မရှိပါဘဲလျက် ယခုလို လူအစုအဖွဲ့ဖြင့် ဥပဒေကို ဆန့်ကျင်သည် ဟူသော ခေါင်းစဉ်တပ်ထားခြင်းမျိုးသည် ကျေးရွာသူ၊ရွာသားများအပေါ် ခြိမ်းခြောက်ကာ အကြောင်းကြားစာပေးပို့ခဲ့ခြင်း၊ နိုင်ထက်စီးနင်းပြုလုပ်ကာ အဓမ္မလုပ်အား ခိုင်းစေခြင်းများ ပြုလုပ်စေခိုင် ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် စပါးကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင် ၏ လုပ်ရပ်များကို အထက် လူကြီးမင်းများ သိရှိအောင် ဤနေရာမှ တင်ပြအပ်ပါသည်။ 


ဒေါ်ညွှန့်ညွှန့်ရင်နှင့် ကျေးရွာလူငယ်များ 
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် စပါးကိုင်းကျေးရွာ။

အဆိုပါ ကထိန်ကူညီခဲ့တဲ့ လူငယ်များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အပြစ်ပေးတဲ့အနေနဲ့ အဓမ္မ မြက်ရှင်းခိုင်းတာတွေ လုပ်တဲ့ ဓာတ်ပုံတွေ ပူးတွဲ ပါရှိပါတယ်။  

ကထိန် အလှူ ကူညီခဲ့သူတွေ အခုလို လမ်းပြင်၊ မြက်ရှင်း အဓမ္မစေခိုင်းခံနေရ 


 ကထိန် အလှူ ကူညီသူတွေကို အိမ်မှာ လူစုဖွဲ့ပြီး ဥပဒေကို ဆန့်ကျင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆင့်ခေါ်စာများ






အိမ့်သံစဉ် ~



.

1 comments :

  1. Anonymous said... :

    မလျော်သြဇာသုံးတာ တကယ်ဆိုရင်တော့လည်း စိတ်ပျက်စရာပေါ့။ စာက လည်း တောက မိန်းမကြီးတစ်ယောက် ရေးတာနဲ့ မတူနေတော့ နောက်ကွယ်က သူမဖော်ပြထားတဲ့ ပြသာနာတော့ ရှိဥိးမယ် ထင်တာပဲ။ NLDနဲ့တော့ ဘာမှမဆိုင်ပါဘူး။ တော်တော်ဆိုးတဲ့ အုပ်ချုပ်ရေးမူးနဲ့ တော်တော်လည်တဲ့ မိန်းမကြီး ပြသာနာ ဘယ်သူမှန်လဲ ကျွန်တော်ငတုံး မသိတော့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved