ရှမ်းနိုင်ငံရေးပါတီ ၂ ခု လက်တွဲပူးပေါင်းရေး

Tuesday, November 19, 2013

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP တို့ လက်တွဲ ပူးပေါင်းနိုင်ဖို့အတွက် နိုဝင်ဘာလ ၁၆ ရက်နေ့စွဲနဲ့ SNLD က စာပို့ ထားပါတယ်။ 



 SNLD ရုံးခန်းဖွင့်ပွဲတခုတွင်တွေ့ရတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာ အိုးစည်တီးနေဟန်၊ ဓာတ်ပုံ- ဧရာဝတီ

ရှမ်းပါတီ ၂ ခုကို ပူးပေါင်းဖို့ ရှမ်းတိုင်းရင်းသားတွေကပဲ တောင်းဆိုခဲ့ကြပါတယ်။ ရှမ်းပြည်တောင်ပိုင်း နမ့်စန်နယ်က ပြည်သူတွေ၊ ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ မိုင်းရယ် ဒေသတွေက ဆရာတော်
တွေနဲ့ ပြည်သူတွေရဲ့ တိုက်တွန်း တောင်းဆိုချက်၊ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ -SSIAC ရဲ့ ဆန္ဒ၊ ပြည်တွင်း၊ ပြည်ပ ရှမ်းတိုင်းရင်းသားတွေရဲ့ မနှစ်က ရန်ကုန်ဆွေးနွေးပွဲမှာ ရှမ်းလူထု ၉၇ ရာ ခိုင်နှုန်း ရဲ့ ဆန္ဒသဘောထားတွေအရ ရှမ်းပါတီ ၂ ခုကို ပူးပေါင်းဖို့ တိုက်တွန်းပြောဆို ထားခဲ့ကြပါတယ်။ 

ဒါကြောင့် SNLD ဘက်က ညှိနှိုင်းရေး ကိုယ်စားလှယ် ၅ ဦးကို ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် SND အနေနဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လူတွေနဲ့ဆွေးနွေးကြမလဲဆိုတာ အသိပေး အကြောင်းကြားစာ ပို့ခဲ့တာ
ဖြစ်ပါတယ်။ 





အိမ့်သံစဉ် ~



.
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved